စတိုးဆိုင် ကားပါကင်မှာ ကောက်ရတဲ့ ဒေါ်လာ ၁၂၀၀၀ ကို ပိုင်ရှင်မှန်ထံ ပြန်ပေးခဲ့သူ

1.10.2024-yyl-9.png

ဈေးဝယ်သူတစ်ဦးဟာ စတိုးဆိုင် ကားပါကင်မှာ ဒေါ်လာ ၁၂၀၀၀ ကောက်ရခဲ့ပေမဲ့ ပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတယ်။ ဗီယက်နမ်နွယ်ဖွား အမျိုးသမီးကြီး ဗန်ဟားဟာ Market Basket စတိုးဆိုင်ကနေ အိမ်ကို ပြန်ရောက်ချိန်မှာ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ထည့်ထားတဲ့စာအိတ် ပျောက်ဆုံးနေတာကို သိလိုက်ရလို့ သူ့တူကိုခေါ်ပြီး ချက်ချင်းပဲ စတိုးဆိုင်ကို ပြန်သွားခဲ့ပါတယ်။

ကားပါကင်မှာ ဟိုဟို ဒီဒီ လိုက်ရှာနေတဲ့ တူဝရီးနှစ်ယောက်ကို စတိုးဆိုင် မန်နေဂျာ ဒန်ဒက်စ်ဖော့စ်က အကျိုးအကြောင်း မေးမြန်းကြည့်တော့ ပိုက်ဆံပျောက်တာ သိသွားခဲ့ပြီး စောင့်ကြည့်ကင်မရာမှတ်တမ်းကို ပြန်ကြည့်ပေးခဲ့ပါတယ်။ အဲဒီနေ့ အစောပိုင်းမှာ ဗန်ဟားက ကားပေါ်ကနေ ဆင်းလာပြီး စတိုးဆိုင်ထဲ ဝင်သွားခဲ့တာကို ကင်မရာမှတ်တမ်းမှာ တွေ့ရပေမဲ့ စာအိတ်ကျကျန်နေခဲ့တာကို မတွေ့ခဲ့ပါဘူး။

ဒန်ဒက်စ်ဖော့စ်က အကြောင်းထူးရင် ဖုန်းဆက်ပေးမယ်ဆိုပြီး ဗန်ဟားဆီက ဖုန်းနံပါတ်တောင်းခဲ့ပါတယ်။ အဲဒီနောက် စတိုးဆိုင်ထဲ ပြန်ဝင်လာချိန်မှာ ပိုက်ဆံကောက်ရထားလို့ လာအပ်တဲ့အမျိုးသားနဲ့ ဆုံခဲ့တာပါ။ ဒန်ဒက်စ်ဖော့စ်လည်း ဗန်ဟားတို့ တူဝရီးကို အပြေးအလွှား ထွက်ခေါ်ခဲ့ပါတယ်။ ပိုက်ဆံ ကောက်ရသူက စတိုးဆိုင်ကို ပုံမှန်ဈေးလာဝယ်နေကြဖြစ်တဲ့ စကစ် ဖြစ်ပါတယ်။

ဗန်ဟားတို့ တူဝရီးဟာ သူတို့ပိုက်ဆံ ပြန်ရလို့ အပျော်လွန်ပြီး အိမ်ပြန်သွားခဲ့ပေမဲ့ နောက်တစ်နေ့မှာတော့ စကစ်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒေါ်လာ ၃၀၀ လာပေးခဲ့ပါတယ်။ အဲဒီစတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ စကစ်ရဲ့ချစ်သူက စကစ်ကိုယ်စား ချီးမြှင့်ငွေ ဒေါ်လာ ၃၀၀ ကို လက်ခံရယူပေးခဲ့တာပါ။ ” ဘယ်သူ ဘယ်ဝါဆိုပြီး အမည်မရေးထားဘဲ ငွေအပြည့်ထည့်ထားတဲ့ စာအိတ်တစ်လုံးကို အခုလို ပိုင်ရှင်မှန်ထံ ပြန်ပေးမယ့်သူမျိုးက အလွန်ရှားပါတယ်”လို့ ဗန်ဒက်စ်ဖော့စ်က ဆိုခဲ့ပြီး စကစ်ရဲ့ ရိုးဖြောင့်မှုကို ချီးကျူးခဲ့ပါတယ်။

Ref: A Man Finds $12,000 In Cash In A Parking Lot, Returns It To Owner
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top