အိုစမာဘင်လာဒင်ရဲ့သားကို ဖမ်းမိအောင် သတင်းပေးနိုင်ရင် ဒေါ်လာ (၁) သန်းပေးမယ်လို့ အမေရိကန်နိုင်ငံက ဆုကြေးထုတ်

i5.jpg

ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အယ်ကေးဒါးအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ သားတစ်ယောက်ကို ဖမ်းမိနိုင်အောင် သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ (၁) သန်း ချီးမြှင့်မယ်လို့ အမေရိကန်နိုင်ငံက ဆုကြေးထုတ်ခဲ့ပါတယ်။

အိုစမာဘင်လာဒင်ရဲ့ သားဖြစ်သူ ဟမ်ဇာဘင်လာဒင်ဟာ အယ်ကေးဒါးအဖွဲ့ရဲ့ ခေါင်းဆောင်နေရာ ဆက်ခံနေသူလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။ အသက် (၃၀) ဝန်းကျင်ရှိတဲ့ ဟမ်ဇာကို အမေရိကန်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက တရားဝင် သတ်မှတ်ခဲ့တာပါ။ ဟမ်ဇာဟာ အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်အနီးမှာ စခန်းချနေတယ်လို့ ယူဆထားကြပါတယ်။

သူ့အဖေကို သတ်ခဲ့တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ အနောက်နိုင်ငံတွေကို တိုက်ခိုက်ကြဖို့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဟမ်ဇာက အသံမှတ်တမ်း၊ ရုပ်သံမှတ်တမ်းတွေ ထုတ်လွှင့်ပြီး တိုက်တွန်းခဲ့ဖူးပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို လေယာဉ်နဲ့ ဝင်တိုက်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံမှာ လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို အိုစမာဘင်လာဒင်က ညွှန်ကြားခဲ့တာပါ။

၂၀၁၁ ခုနှစ်မှာ အမေရိကန်အထူးတပ်ဖွဲ့က ပါကစ္စတန်နိုင်ငံ အက်ဘော့တာဘတ်မြို့က ခြံဝင်းတစ်ခုထဲမှာ အိုစမာဘင်လာဒင်ကို အသေဖမ်းဆီးနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top