ရွေ့လျားနေတဲ့ ဂျပန်ကျည်ဆန်ရထားပေါ်မှာလုပ်ခဲ့တဲ့ WWE စတိုင်နပန်းပွဲ

22.9.23-yyl-12.jpg

ပရော်ဖက်ရှင်နယ်နပန်းသမားနှစ်ဦးဖြစ်တဲ့ မီနိုရူ ဆုဇူကီး နဲ့ ဆန်ရှီရို တာကာဂီဟာ အလွန်လျင်မြန်တဲ့ကျည်ဆန်ရထားအတွင်း နပန်းသတ်ခဲ့ကြပါတယ်။ WWE စတိုင်နပန်းပွဲကို တိုကျိုအခြေစိုက် DD Pro- Wrestling က စီစဉ်ကျင်းပခဲ့တာပါ။ အဲဒီရထားအတွင်း ခရီးသည် ၇၅ ဦးအပြည့်ပါပဲ။

မီနိုရူနဲ့ ဆန်ရှီရိုကြား နပန်းပွဲစဉ်လက်မှတ်တွေက မိနစ် ၃၀ အတွင်း ရောင်းထွက်ခဲ့တာပါ။ တနင်္လာနေ့က တိုကျိုကနေ နာဂိုယာကို ပြေးဆွဲတဲ့ ကျည်ဆန်ရထားပေါ်မှာ ထိုးသတ်ခဲ့ကြတာဖြစ်ပြီး အခုဆို သူတို့နှစ်ဦးထိုးသတ်တဲ့ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံနေပါပြီ။

သူတို့နှစ်ဦးက ရွေ့လျားနေတဲ့ ရထားပေါ်မှာ ထူးထူးခြားခြားနပန်းသတ်ပြခဲ့တာပါ။ ခရီးသည်တွေက သူတို့ရဲ့ပွဲကို ကြည့်ပြီး သဘောကျနှစ်ခြိုက်ခဲ့ကြပြီး အများစုက ဖုန်းတွေနဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ပွဲကတော့ နာရီဝက်ကြာမြင့်ခဲ့ပါတယ်။

Ref: A WWE-Style Match On Bullet Train In Japan Stuns Passengers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top