ဝှီးချဲနဲ့ အိမ်ခြေရာမဲ့အမျိုးသားကို သူ့ဖိနပ်ချွတ်ပြီး စီးပေးခဲ့တဲ့ မင်းသမီး ဂျနီဖာ ဂါနာ

21.9.23-yyl-10.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မင်းသမီး ဂျနီဖာ ဂါနာ ပါတဲ့ ဗီဒီယိုတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဗီဒီယိုက လူမှုကွန်ယက်အသုံးပြုသူတွေကို ဂျနီဖာအပေါ် မလေးစားဘဲ မနေနိုင်လောက်အောင်ဖြစ်သွားစေခဲ့ပါတယ်။ ဂျနီဖာက ဝှီးချဲနဲ့ အိမ်ရာမဲ့အမျိုးသားတစ်ဦးကို သူ စီးထားတဲ့ဖိနပ်ချွတ်ပြီး ဝတ်ပေးခဲ့လို့ပါပဲ။

ဂျနီဖာ ဂါနာနောက်ကို ပါပါရာဇီတွေက လိုက်ပြီး ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်မှာတော့ ခါတိုင်းနဲ့မတူဘဲ ထူးထူးခြားခြားအခိုက်အတန့်တစ်ခုကို ပါပါရာဇီတွေ ရိုက်မိခဲ့ပါတယ်။ ကားမောင်းလာတဲ့ ဂျနီဖာက ဝှီးချဲနဲ့အမျိုးသားနားရောက်တော့ စကားပြောပြီး မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါတဲ့ ပလတ်စတစ်အိတ်ကို လှမ်းပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့စကားပြောနေစဉ်အတွင်း အဲဒီအမျိုးသားက ခြေဗလာဖြစ်နေတယ်ဆိုတာကို ဂျနီဖာ သတိထားမိသွားခဲ့ပါတယ်။ ဒါကြောင့် ကားထဲကထွက်ပြီး အဲဒီအမျိုးသားရှေ့ထိုင်ချပြီးတော့ ခြေအိတ်ဝတ်ပေးခဲ့ပါတယ်။ ဖိနပ်မရှိတာတွေ့တော့ သူ့ရဲ့ဖိနပ်တွေကိုပါ ချွတ်ပြီး စီးပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဖိနပ်တွေက အဲဒီအမျိုးသားအတွက် အရမ်းသေးနေခဲ့ပါတယ်။

ဂျနီဖာက သူ့ကို ရိုက်နေတဲ့ ပါပါရာဇီကို တွေ့သွားတဲ့အချိန်မှာ သူ့ဆီလာပြီးတော့ “မင်းရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲ၊ သူ့အတွက် မင်းရဲ့ဖိနပ်တွေကို ဝယ်လို့ရမလား၊ သူ ဖိနပ်လိုအပ်နေတယ်”လို့ ပြောခဲ့ပါတယ်။ အဲဒီအမျိုးသားရဲ့ဖိနပ်ဆိုဒ်က ဘယ်လောက်လဲလို့ ပါပါရာဇီက ပြန်မေးခဲ့ပါတယ်။ ဂျနီဖာက ၁၀ ခွဲလို့ ပြန်ဖြေတော့ ပါပါရာဇီရဲ့ဖိနပ်ဆိုဒ်က ၁၁ ဖြစ်တဲ့အတွက် သူ့ကို ပေးလိုက်မယ်၊ ဝယ်စရာမလိုပါဘူးတဲ့။ ဖိနပ်ရတော့ ဂျနီဖာကိုယ်တိုင် အိမ်ရာမဲ့အမျိုးသားကို ဝတ်ပေးခဲ့ပါတယ်။ ပါပါရာဇီဓာတ်ပုံဆရာက သူ့ကားထဲ ပါလာတဲ့ စောင်ကို အိမ်ရာမဲ့အမျိုးသားကို ပေးခဲ့ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Jennifer Garner Puts Socks on Feet of a Homeless Man in a Wheelchair, and Offers Him the Shoes She’s Wearing

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top