ကျွန်တော်တို့လူသားတွေဟာ နှစ်စဉ်တိုင်းမှာ အကြမ်းဖျဉ်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တန်ချိန်ပေါင်း (၃၀) ကနေ (၄၀) ထိ လေထုထဲကို ထုတ်လွှတ်နေကြပါတယ်။
ရှေ့လျှောက် ဒီအတိုင်းသာဆက်ပြီးထုတ်လွှတ်နေဦးမယ်ဆိုရင် ကမ္ဘာကြီးဟာ ဆက်ပြီးပူနွေးနေဦးမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဖွတ်ဖွတ်ညက်ညက်ကြေအောင် ပျက်စီးသေကျေကြရတော့မှာပါ။
ဒီတော့ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ?
သိပ္ပံပညာရှင်အများစုကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို လေထုရဲ့အပြင်ဘက်ဆီ ထုတ်ပစ်ဖို့နည်းလမ်းကို သဘောတူလက်ခံကြထားပါတယ်။ ဖြေရှင်းနည်းတစ်ခုက သစ်ပင်အများအပြားစိုက်ပျိုးဖို့ပါ။ သစ်ပင်တွေက ကြီးထွားရှင်သန်ဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစုပ်ယူပြီး အောက်ဆီဂျင်ကိုပြန်ထုတ်လွှတ်တာမို့ ဒါက နှစ်ဘက်အဆင်ပြေတဲ့နည်းလမ်းတစ်ခု ဖြစ်နေပါတယ်။
ဒါပေမဲ့ ရှိနေတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကိုလျော့ချဖို့အတွက် လုံလောက်တဲ့သစ်ပင်အရေအတွက်ကိုစိုက်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် ပဲရစ်သဘောတူညီမှုစာချုပ်မှာပါရှိတဲ့ ရည်မှန်းချက်တွေအတိုင်းဖြစ်လာဖို့က မလွယ်ကူကြောင်း လေ့လာမှုတွေက ထောက်ပြထားပါတယ်။
တကယ်တမ်းမှာ ကျွန်တော်တို့နှစ်စဉ်ထုတ်လွှတ်နေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ လျော့ချနိုင်ဖို့ကိုတောင် အမေရိကန်နိုင်ငံရဲ့ အကျယ်အဝန်းလောက်ရှိတဲ့ သစ်တောတစ်ခုစာ စိုက်ပျိုးဖို့လိုအပ်မှာပါ။
ခက်နေတာက ဒီဂြိုဟ်ပေါ်မှာက အဲဒီလို သစ်ပင်တွေများများစားစားစိုက်ပျိုးနိုင်လောင်အောင် မြေနေရာလွတ် မကျန်ရှိနေတော့တဲ့အချက်ပါပဲ။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဖန်လုံအိမ်အာနိသင်ပြဿနာကို ဖြေရှင်းဖို့ကြိုးစားနေရင်း ကျွန်တော်တို့တွေ တခြားတစ်နည်းနဲ့ ဒုက္ခရောက်နိုင်ကြသေးတာပဲဖြစ်ပါတယ်။
Ref: BusinessInsider.com “There’s so much CO2 in the atmosphere that planting trees can no longer save us”
TH (ရိုးရာလေး)