အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံး ထိုးနှံခွင့်ရသူ

15-12-2020-yyl04.jpg

အမေရိကန်နိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခဲ့သူကတော့ နယူးယော့ခ်ပြည်နယ်၊ Long Island ကျွန်းမှာ နေထိုင်တဲ့ အထူးကြပ်မတ်ကုသရေး သူနာပြု ဆန်ဒရာလင်ဆေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဆန်ဒရာလင်ဆေးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့တဲ့ ဗီဒီယိုကို နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမို၏ တွစ်တာအကောင့်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အမေရိကန်နိုင်ငံဟာ နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းစဉ်အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး Pfizer/BioNTech ကာကွယ်ဆေး အဖုံရေသန်းချီ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ပြီးခဲ့သည့်တနင်္လာနေ့က အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးရုံ ၁၅၀ ကို ကာကွယ်ဆေးတွေ ရောက်ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်းအရ လာမယ့်ဧပြီလမှာ လူဦးရေ သန်း ၁၀၀ ကို ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။


” ပထမဆုံး ကာကွယ်ဆေး ထိုးနှံပြီးပါပြီ။ အမေရိကန်နိုင်ငံအတွက် ဝမ်းမြောက်ပါတယ်။ ကမ္ဘာကြီးအတွက် ဝမ်းမြောက်ပါတယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Ref: BBC ” Covid-19: First vaccine given in US as roll-out begins”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top