တရုတ်နိုင်ငံမှာ ဓာတုစက်ရုံ ပေါက်ကွဲလို့ လူ (၄၄) ဦး သေဆုံး၊ လူ (၆၄၀) ဒဏ်ရာရ

in6-1.jpg

တရုတ်နိုင်ငံ အရှေ့ပိုင်းက ဓာတုစက်ရုံမှာ ပေါက်ကွဲမှု အကြီးအကျယ်ဖြစ်ပွားခဲ့လို့ လူ (၄၄) ဦး သေဆုံးပြီး လူ (၆၄၀) ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် နေ့လည် (၂) နာရီ (၅၀) မိနစ်အချိန်က ကျင်းဆုပြည်နယ် ယန်ချန်းမြို့က ဓာတ်မြေသြဇာထုတ်လုပ်တဲ့ စက်ရုံမှာ မီးလောင်ကျွမ်းပြီးတဲ့နောက် အားပြင်းတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုက ပြင်းအား ၂.၂ မဂ္ဂနီကျူ့စ်လောက်ရှိတယ်လို့ တရုတ်နိုင်ငံ ငလျင်စီမံခန့်ခွဲရေးအဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုအားပြင်းလွန်းတဲ့အတွက် ခပ်လှမ်းလှမ်းမှာရှိတဲ့ စက်ရုံတွေ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတယ်လို့ ဒေသခံမီဒီယာတစ်ခုက ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ကြောင့် တခြားပြည်နယ်က မီးသတ်သမားတွေကိုပါ အားဖြည့်ခေါ်ယူခဲ့ရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ဒဏ်ရာရသူ ၆၄၀ ကို ဆေးရုံတင်ပို့ထားပြီး လူ (၃၂) ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သူ (၅၈) ဦးက ရှိတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top