သူ့ကို မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အမေရိကန်နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတဖြစ်ရစေမယ်လို့ ဂျိုးဘိုင်ဒင် ကတိပြု

9-11-2020-yyl-004.jpg

” ကျွန်တော်တို့ရဲ့ မဟာနိုင်ငံတော်ကြီးကို ဦးဆောင်ဖို့ ကျွန်တော့်ကို ရွေးချယ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေက ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော့်ကို မဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အမေရိကန်နိုင်ငံသားအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတဖြစ်ရစေမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ ခင်ဗျားတို့ ကျွန်တော့်အပေါ်ထားတဲ့ ယုံကြည်မှုကို ဆက်ထိန်းသိမ်းသွားမှာပါ” လို့ ဂျိုးဘိုင်ဒင်က တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ကိုယ်စားလှယ်မဲ ၂၀ ရရှိတဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ အနိုင်ရခဲ့လို့ ကိုယ်စားလှယ်မဲ ၂၇၃ မဲ ( အရီဇိုးနားပြည်နယ် ကိုယ်စားလှယ်မဲ မပါ) ရရှိခဲ့ပြီး ၄၆ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာတော့မှာပါ။

သမ္မတရွေးကောက်ပွဲ အနိုင်ရပြီးနောက် ဂျိုးဘိုင်ဒင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ” မဲဆွယ်စည်းရုံးရေးကာလ ပြီးဆုံးသွားပါပြီ။ ဒေါသတွေ၊ တင်းမာတဲ့ နိုင်ငံရေးဟောပြောမှုတွေကို ချန်ရစ်ထားပြီး နိုင်ငံတစ်နိုင်ငံအဖြစ် စည်းလုံးရမယ့် အချိန်ရောက်ပါပြီ”လို့ ဖော်ပြထားပါတယ်။

Ref: CNN & Joe Biden’s Twitter

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top