OPPO Myanmar က လူငယ်လူရွယ်တွေကို အကျိုးပြုရန် ရည်ရွယ်၍ “Private University Futsal Cup” တွင် Main Sponsor အဖြစ် ပူးပေါင်းကူညီခဲ့

7.10.2024-yyl-5.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က Private University Students Union က ဦးစီးကျင်းပတဲ့ ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းပေါင်းစုံဆိုင်ရာ ဖူဆယ်ပြိုင်ပွဲ (Private University Futsal Cup) မှာ Main Sponsor အနေနဲ့ လက်တွဲပါဝင်မှုများ ပြုလုပ်ခဲ့ပါတယ်။ OPPO အနေနဲ့ လူငယ်တွေ ဦးဆောင်ကျင်းပတဲ့ PUFC မှာ လူငယ်လူရွယ်တွေကို အကျိုးပြုနိုင်ရန် ရည်ရွယ်၍ Main Sponsor အနေနဲ့ ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်။ ထို့အပြင် အဆိုပါ ဖူဆယ်ပြိုင်ပွဲတွင် လာရောက်ကြည့်သူများထဲက OPPO AI ကို စမ်းသပ်ကြည့်သူများအတွက်လဲ OPPO Reno12 5G တစ်လုံး ကို ပါဝင်ကံစမ်းနိုင်မဲ့အပြင် လူငယ်အကျိုးပြု International Youth Organization တစ်ခုဖြစ်တဲ့ AIESEC ရဲ့ Global Internship Program မှာ Free Exchange fees အနေနဲ့ ပါဝင်ကံစမ်းနိုင်မှာဖြစ်ကာ အခြားသော လက်ဆောင်များလဲ ရှိနေမှာဖြစ်ပါတယ်။ AIESEC in Myanmar ဟာ နိုင်ငံတကာဆိုင်ရာ လူငယ်အကျိုးပြုအဖွဲ့အစည်း တစ်ခုဖြစ်ပြီး အသက် ၁၈ မှ ၃၀ အတွင်း လူငယ်တွေအတွက် အထူးသင့်တော်စေတဲ့ ၊ လူငယ်တွေရဲ့ စွမ်းဆောင် ရည်စွမ်းအားကိုတိုးတက်နိုင်စေနိုင်စေတဲ့ Global Internship Program တွေကို ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

Private University Students Union က ကျင်းပတဲ့ အခု ဖူဆယ်ပြိုင်ပွဲကတော့ ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းပေါင်းစုံက အားကစားဝါသနာရှင် လူငယ်တွေအတွက် ရည်ရွယ်ထားတဲ့ လူငယ် ဖူဆယ်ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို လာရောက်ကြည့်ရှုအားပေးသူတွေအနေနဲ့ ပွဲစဉ်ရဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကို ခံစားရရှိနိုင်မှာဖြစ်သလို OPPO AI ရဲ့ ရင်သပ်ရှုမောဖွယ်ရာ အတွေ့အကြုံတွေကိုလဲ ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ OPPO Myanmar အနေနဲ့ ပရိသတ်တွေကို ဘောလုံးပွဲစဉ်တွေ၊ အားကစားတွေနဲ့ပတ်သက်တဲ့ ရင်ခုန်မှုကို ပေးစွမ်းနိုင်ရုံသာမက OPPO ရဲ့ နောက်ဆုံးပေါ် AI နည်းပညာကို လက်တွေ့ ထိတွေ့အသုံးပြုနိုင်စေဖို့ OPPO AI Eraser နဲ့ OPPO AI Studio ဆိုပြီး AI Experience Zone ၃ နေရာ ထားရှိမှာ ဖြစ်ပြီး ဒီနေရာတွေမှာ စမ်းသပ်ချင်သူတွေအနေနဲ့ လွတ်လွတ်လပ်လပ် တက်တက်ကြွကြွ လာရောက်စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ AI Eraser Corner တွေမှာဆိုရင် မလိုအပ်တဲ့ ပစ္စည်းတွေကို ဖြတ်ထုတ်ရင်း ဆုဖလား ၊ ဘောလုံး နဲ့အတူ လေပေါ်မြောက်နေမဲ့ စိတ်ဝင်စားစရာပုံတွေ ၊ AI Studio Corner မှာဆိုရင် မတူညီတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားရစေနိုင်မဲ့ Character ပေါင်းစုံပြောင်းလဲနိုင်မဲ့ Physical Portrait တွေကို တစ်ခါတည်းဆိုသလို ရရှိနိုင်မှာ ဖြစ်ပါတယ်။

OPPO Myanmar က လူငယ်အခြေစိုက် Private University Futsal Cup မှာ Main Sponsor အနေနဲ့ ပူးပေါင်းပါဝင်ရခြင်းဟာ လူငယ်တွေနဲ့ နီးကပ်လိုပြီး လူငယ်တွေအတွက် ဘာတွေ လိုအပ်မလဲဆိုတာ အနာဂတ်မှာ ထည့်သွင်းစဉ်းစားနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ OPPO Myanmar က လူငယ်အကျိုးပြုအဖွဲ့အစည်းတွေမှာ ကူညီဖေးမရင်း တိုးတက်လာမဲ့ အနာဂတ်အတွက် ကြိုတင် ပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ လူငယ်တွေဆိုတာ အနာဂတ်မှာ ထွန်းတောက်လာနိုင်တဲ့ကြယ်ပွင့်တွေဖြစ်တဲ့အတွက် လူငယ်အကျိုးပြုတဲ့ အဖွဲ့အစည်းတွေ မှာ OPPO Myanmar AED အနေနဲ့ အခုလို ပူးပေါင်းလက်တွဲနေတာဖြစ်သလို နောင်အနာဂတ်တွေမှာလဲ လူငယ်အကျိုးပြု အဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ လက်တွဲဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ OPPO Myanmar AED အနေနဲ့ “Inspiration Ahead” (ရှေ့သို့ ဦးတည်ကာ လှုံ့ဆော်ကြစို့) ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လူငယ်တွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ၊ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုကာ ရှေ့လျှောက်မှာလဲ ကူညီပံ့ပိုးဖို့ ဆုံးဖြတ်ကာ အခုလို AIESEC in Myanmar နဲ့အတူ ပူးပေါင်းကာ ကြိုးစားမြှင့်တင်ရခြင်း ဖြစ်ပါတယ်။

OPPO #AIESECinMyanmar #MainSponsor

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top