Manulife Myanmar က Gaurav Sharma ကို CEO အသစ်အဖြစ် ခန့်အပ်

5.4.2023-yyl-iamge-27.jpg

Manulife Myanmar က Mr. Sharma ကို CEO နှင့် General Manager အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ Mr. Sharma မှာ Emerging Markets Leadership Team၊ Asia Leadership Team နှင့် Global Leadership Team များ၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာပြီး Emerging Market ၏ General Manager ဖြစ်သူ Sachin N. Shah ထံသို့ တိုက်ရိုက်အစီအရင်ခံရမည်လည်းဖြစ်သည်။
Manulife နှင့် အတူ နှစ်ပေါင်း ၃၀ကြာ လက်တွဲဖြတ်သန်းလာခဲ့သည့် Robert Elliott မှာ Manulife Myanmar ၏ CEO နှင့် General Manager အဖြစ်တာဝန်ယူခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ မတ်လမှ စတင်ကာ ၎င်းရာထူးမှ အငြိမ်းစားယူခဲ့ပြီး Manulife ကမ္ဘောဒီးယားနှင့် မြန်မာတို့အတွက် non-executive Chairperson အနေဖြင့် ဆက်လက်လုပ်ကိုင်သွားမည် လည်းဖြစ်သည်။

Manulife Myanmar ၏ CEO နေရာအတွက် Mr. Sharma အနေနှင့် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုချက်များကို ဌာနဆိုင်ရာအဖွဲ့အစည်းထံမှ လက်ခံရရှိပြီးနောက် ယခု ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့မှစတင်ကာ CEO ရာထူးကို စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ အာမခံနယ်ပယ်တွင် (၂၅) နှစ်ကျော်ကြာ အတွေ့အကြုံများရှိပြီး အာရှတွင်း အသက်အာမခံလုပ်ငန်းအတွက် စိတ်အားထက်သန်သော Mr. Sharma က Operation ၊ Technology ၊ Bancassurance ၊ Distribution စသည်တို့တွင်သာမက Customer Journey Transformation ၊ Stakeholder နှင့် Partner Engagement အပိုင်းများအပြင် အရည်အသွေးပိုင်းတွင် ပိုမိုပြည့်ဝပြီး တိုးတက်လာစေရန် ဦးတည်လုပ်ဆောင်သွား မည်ဖြစ်သည်။

“ထူးချွန်ပြီးပြောင်မြောက်တဲ့ခေါင်းဆောင်မှုစွမ်းဆောင်ရည်နဲ့အတူ Mr. Sharma က ကျွန်တော်တို့ Manulife Myanmar အသက်အာမခံလုပ်ငန်းကို ပိုပြီးတိုးတက်တဲ့ နောက်ထပ်တစ်ဆင့်ဆီကို ဦးဆောင်သွားတော့မှာဖြစ်ပါတယ်။ သူ့အနေနဲ့ ကျွန်တော် တို့ Winning Team မှာ ပါဝင်လာတဲ့အတွက် စိတ်လှုပ်ရှားနေပါပြီ။” ဟု Emerging Market ၏ General Manager ဖြစ်သူ Mr. Shah က ပြောကြားခဲ့သည်။

Manulife နှင့်လက်မတွဲမီ Mr. Sharma မှာ ဗီယက်နမ်နိုင်ငံရှိ နိုင်ငံပိုင် အကြီးဆုံးဘဏ်တစ်ခုဖြစ်သည့် (BIDV) နှင့် MetLife ၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော BIDV-MetLife အသက်အာမခံလုပ်ငန်းတွင် CEO နှင့် General Director အဖြစ် တာဝန်ယူစီမံခန့်ခွဲခဲ့သည်။ ၎င်းတာဝန်ယူနေချိန်အတွင်း Bancassurance နှင့် Agency အတွက် စီမံခန့်ခွဲရာတွင် ပိုမိုလွယ်ကူ လျင်မြန်စေမည့် ဒစ်ဂျစ်တယ်နည်းပညာသုံးလုပ်ငန်းဆောင်ရွက်မှုပုံစံကို တာဝန်ယူလုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။

“အလုပ်လုပ်တဲ့အခါ စိတ်အားထက်သန်မှုနဲ့ အရည်အချင်းများစွာရှိတဲ့ မြန်မာနိုင်ငံကလုပ်ဖော်ကိုင်ဖက်တွေနဲ့လက်တွဲပြီး အတူတူ လုပ်ကိုင်ဖို့ ကျွန်တော့်အနေနဲ့ တကယ်ပဲ စိတ်လှုပ်ရှားနေမိပါတယ်။” ဟု Mr. Sharma ကပြောသည်။ “အာရှတလွှားမှာ ရယူ စုဆောင်းနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့မတူညီတဲ့အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံကအဖွဲ့သားတွေရဲ့ စိတ်အင်အားထက်သန်မှုတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ကို ပျော်ရွှင်စရာတွေ၊ သင်ယူလေ့လာစရာတွေအပြင် တိုးတက်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် Manulife က နိုင်ငံတကာအသက်အာမခံနယ်ပယ်မှာ ထိပ်တန်းရောက်နေတဲ့ လုပ်ငန်း တစ်ခုဖြစ်ပြီးတော့ ကျွန်တော်တို့အားလုံးက ဝန်ထမ်းတွေနဲ့ ကိုယ့်ရဲ့ဖောက်သည်တွေကို အမြဲတမ်းဦးစားပေး ဗဟိုပြုတဲ့လုပ်ငန်း တစ်ခုအဖြစ် လူသိများတာလည်းဖြစ်ပါတယ်။” ဟု Mr. Sharma ကဆက်ပြောသည်။

“ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံက မိသားစုတွေအတွက် ကျန်းမာခြင်းနဲ့ဘဝနေထိုင်မှုအတွက် အဓိကထားဆောင်ရွက်သွားမှာ ဖြစ်သလို မိသားစု ဘဝနောင်ရေးအတွက် ယုံကြည်မှုရှိရှိနဲ့ပြီးပြည့်စုံလာစေဖို့ Manulife ရဲ့ ကမ္ဘာ့အဆင့်မီစွမ်းဆောင်ရည်နဲ့ နှစ်ပေါင်း ၁၃၀ကျော်ရှိခဲ့တဲ့ အတွေ့အကြုံတွေကနေတဆင့် အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု Mr. Sharma က ဆက်လက်ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top