“GG Fest 2023” အတွက် SMS ကတစ်ဆင့် မဲ ပေးနိုင်သည့် အစီအစဉ် နှင့်အတူ ကံထူးဆုလက်ဆောင်များပါဝင်

27.9.23-yyl-8.jpg

GG Fest 2023 တွင် စိတ်လှုပ်ရှားစရာများဖြင့် ပိုမိုအရှိန်မြင့် တက်လာသည်နှင့်အညီ MPT သုံးစွဲသူများ GG Fest 2023 အတွက် SMS မှတစ်ဆင့် အဆင်ပြေလွယ်ကူစွာ မဲ ပေးနိုင်မည်ဖြစ်ကြောင်း MPT ကြေညာလိုက်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ပရိသတ်များသည် ၎င်းတို့၏ ကြိုက်နှစ်သက်ရာ E-sport အဖွဲ့ (သို့မဟုတ်) ကစားသမား (သို့မဟုတ်) Caster ၏ ကုတ်နံပါတ်ကို သက်ဆိုင်ရာ ဆုအမျိုးအစား၏ SMS Center သို့ SMS ပေးပို့ပြီး အားပေးနိုင်မည်ဖြစ်သည်။

GG Fest 2023 တွင် SMS မဲ အများဆုံးရရှိသူ ကစားသမားများ၊ အသင်းအဖွဲ့များ၊ caster များ သို့မဟုတ် coach များကို ဆုများပေးအပ်ချီးမြင့်သွားမည်ဖြစ်ပါသည်။ ထို့အပြင် SMS voting ပေးသူများအတွက်လည်း MPT မှ စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များဖြစ်သည့် Realme 11 Pro၊ GG Fest ဝင်ခွင့်လက်မှတ်များနှင့် 5GB မိုဘိုင်းဒေတာများ ကံထူးနိုင်သည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်သည်။

(ဥပမာ- GG Team of the Year မှ ABC Team ကို မဲ ပေးချင်ပါက SMS Center – 30xx သို့ GGxx ဟု ပေးပို့နိုင်ပါသည်။) SMS ကတစ်ဆင့် မဲ ပေးခြင်းကို စက်တင်ဘာလ (၂၆) ရက်မှ အောက်တိုဘာလ (၂၇) ရက် အထိ ပေးပို့နိုင်မည်ဖြစ်ပြီး သုံးသလောက်သာကျသင့်သည့် အစီအစဉ်ဖြင့် မဲ တစ်ခုလျှင် (၃၅) ကျပ် သာကျသင့်မည်ဖြစ်ပြီး ကျသင့်ငွေကို ဖုန်းလက်ကျန်ငွေထဲမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ ဆုအမျိုးအစား နှင့် SMS Center ၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ဆုများကို MPT Facebook Page၊ Website၊ Viber၊ Telegram နှင့် GG Gaming & Entertainment (G3E) ၏ ဆိုရှယ်မီဒီယာ ချန်နယ်များ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။ ကံထူးရှင်များကို သိရှိရန် နှင့် ၎င်းတို့၏အောင်မြင်မှုများကို ဂုဏ်ပြုနိုင်ရန်အတွက် အဆိုပါချန်နယ်များကို စောင့်ကြည့်နိုင်ပါသည်။

SMS မှတစ်ဆင့် မဲပေးခြင်းဖြင့် MPT သုံးစွဲသူများသည် ၎င်းတို့၏ ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်များအား အားပေးနိုင်မည်ဖြစ်ပြီး GG Fest 2023 ၏ စိတ်လှုပ်ရှားဖွယ်ရာခရီးစဉ်တစ်လျှေက်တွင် ပါဝင်ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် SMS မှတစ်ဆင့် မဲ ပေးနိုင်သည့် အစီအစဉ်တွင် ပါဝင်သည့် MPT သုံးစွဲသူများအတွက် (၅) ပတ်ဆက်တိုက် စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲအစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်ထားပါသည်။ ကံထူးဆုများမှာ အောက်ပါအတိုင်းဖြစ်သည်။

ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး MPT Facebook Page၊ Website၊ Viber နှင့် Telegram တို့တွင် ကြေညာပေးသွားမည်ဖြစ်သည်။

GG Fest 2023 သည် အွန်လိုင်းနှင့် အော့ဖ်လိုင်း (Offline) ပြိုင်ပွဲများ ရောနှောထားသော စိတ်လှုပ်ရှားဖွယ်ရာ ပြိုင်ပွဲတစ်ခုဖြစ်ပြီး စက်တင်ဘာလ (၁) ရက်မှ နိုဝင်ဘာလ (၅) ရက်အတွင်း ကျင်းပလျက်ရှိပါသည်။ နောက်ဆုံးပြိုင်ပွဲ ပွဲစဉ်များကို Online သာမက Offline Event ပွဲအဖြစ်၂၀၂၃ နိုဝင်ဘာလ ၄ ရက်နှင့် ၂၀၂၃ နိုဝင်ဘာလ ၅ ရက် တွင် Rose Garden Hotel, Yangon မှာကျင်းပသွားမည် ဖြစ်သည်။ MPT သည် ဂိမ်းကစားသူများအား ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အားကစားစွမ်းရည်ကို ပြသရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမည့် GG Fest 2023 ကို Main Sponsor အဖြစ် ပံ့ပိုးကူညီထားသည်။

GG Fest 2023 အတွက် SMS မှတစ်ဆင့် မဲ ပေးခြင်းသည် MPT ၏ တန်ဖိုးရှိသော သုံးစွဲသူများထံ စိတ်လှုပ်ရှားဖွယ်ကောင်းသောဖျော်ဖြေမှုကို ယူဆောင်လာနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သည့် နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်ပါသည်။

အသစ်သစ်သော ကံစမ်းမဲအစီအစဉ်၊ ကံထူးရှင်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိရန်နှင့် ပွဲအစီအစဉ်တစ်လျှောက်လုံးကို သိရှိရန် GG Fest 2023 ၏ မီဒီယာချန်နယ်များ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်၊ MPT Facebook နှင့် MPT Viber တို့ကို အမြဲစောင့်ကြည့်ခြင်း (သို့မဟုတ်) 106 Call Center သို့ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top