၁၈ နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီအမှတ်တံဆိပ်အဖြစ် Samsung Electronics မှ ရပ်တည်

18.3.24-yyl-5.jpg

မြန်မာနိုင်ငံကသုံးစွဲသူများအတွက် စွမ်းအင်ချွေတာနိုင်ပြီး သက်သာတဲ့စျေးနှုန်းဖြင့် အကောင်းဆုံးနည်းပညာများနဲ့ လူနေမှုဘဝကို ထောက်ပံ့ပေးနိုင်မယ့် Built For Myanmar အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ထပ်မံမိတ်ဆက်

မြန်မာ့ လူနေမှုဘဝနဲ့ကိုက်ညီမှုရှိပြီး စွမ်းအင်ချွေတာ”Built For Myanmar” အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်ကနေ ဧပြီလ ၂၁ ရက်နေ့အတွင်းဝယ်ယူပြီး ပြန်အမ်းငွေ ကျပ် ၅ သိန်းအထိ ပြန်လည်ပေးအပ်

Samsung Electronics မှ ကမ္ဘာ့တီဗီစျေးကွက်တွင် industry အတွင်း တခါမှမကြုံတွေ့ဖူးသေးသော ၁၈နှစ်ဆက်တိုက် ဦးဆောင်သူအဖြစ်ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

Omdia ၏ ဖော်ပြချက်အရ Samsung သည် ၎င်း၏ နောက်ဆုံးပေါ် လုပ်ဆောင်ချက်များပါရှိသည့် QLED နှင့် OLED များအပါအဝင် လူကြိုက်အများဆုံး Premium မျက်နှာပြင်ကျယ် တီဗီအမျိုးအစားများ၏ ရောင်းအားမြင့်တက် လာမှုများကြောင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့တီဗီဈေးကွက်တွင် ဈေးကွက်ဝေစုပမာဏ ၃၀.၁ % အထိ ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စတင် ရောင်းချခဲ့သည့် Samsung ၏ QLED တီဗီအမျိုးအစားများသည် ယခုအချိန်တွင် အလုံးရေပေါင်း သန်း ၄၀ ကျော် ရောင်းချပြီး ဖြစ်ကာ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပင် အလုံးရေပေါင်း ၈.၃၁ သန်းအထိ ရောင်းချခဲ့ရသည်။

“ကမ္ဘာ့တီဗီဈေးကွက်မှာ ၁၈ နှစ်ဆက်တိုက် ဈေးကွက်ဦးဆောင်သူအဖြစ် ရပ်တည်နေနိုင်ခဲ့တဲ့အချက်က အသုံးပြုသူတွေ အတွက် ယုံကြည်စိတ်ချရပြီး နေ့စဉ်လူနေမှုဘဝနဲ့ ကိုက်ညီမှုအပြည့်ရှိတဲ့ နည်းပညာမြင့်ထုတ်ကုန်တွေကို စဉ်ဆက်မပြတ် ဖန်တီးပေးအပ်နေတဲ့ ကျွန်တော်တို့ရဲ့ရည်သန်ချက်ကို ထပ်မံသက်သေပြနေပါတယ်။ Samsung အနေနဲ့ ဆက်လက်ပြီးတော့လည်း တီဗီနည်းပညာကဏ္ဍကို ပိုမိုအဆင့်မြင့်မားလာစေမယ့် အံ့အားသင့်စရာ နည်းပညာသစ်တွေ၊ လုပ်ဆောင်ချက်အသစ်တွေကို ဆက်လက်ဖန်တီးပေးအပ်သွားဖို့ တစ်စိုက်မတ်မတ် ကြိုးစားလုပ်ဆောင်သွားမှာပါ။” ဟု Samsung Electronics ၏ President and Head of Visual Display Business ဖြစ်သူ SW Yong က ပြောကြားခဲ့သည်။

Samsung သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂,၅၀၀ အထက်တန်ဖိုးရှိ တီဗီရောင်းချရမှုတွင် စံချိန်တင် ဈေးကွက်ဝေစု ၆၀.၅% အထိ၊ ၇၅” အထက် တီဗီရောင်းချရမှုတွင် ဈေးကွက်ဝေစု ၃၃.၉% နှင့် ၉၀” အထက် တီဗီရောင်းချရမှုတွင် ဈေးကွက် ဝေစု ၃၀.၄% အထိ ရရှိခဲ့သည်။ အလားတူပင် Samsung သည် ၂၀၂၃ ခုနှစ်အတွင်း OLED တီဗီအမျိုးအစားပေါင်း ၁.၀၁ သန်းအထိ စံချိန်တင်ရောင်းရခဲ့ရပြီး ၂၀၂၄ ခုနှစ်တွင် ယခုပမာဏထက် ပိုမိုရောင်းချရမည်ဟုလည်း ခန့်မှန်းထားသည်။

ထို့အတူ မြန်မာနိုင်ငံကသုံးစွဲသူများအတွက် မြန်မာ့လူနေမှုဘဝနှင့်ကိုက်ညီသော စွမ်းအင်ချွေတာနိုင်ပြီး သက်သာသောစျေးနှုန်းဖြင့် အကောင်းဆုံးနည်းပညာများနှင့် လူနေမှုဘဝကို ပေးစွမ်းနိုင်သော “Built For Myanmar” အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ထုတ်လုပ်ပေးခဲ့ရာ သုံးစွဲသူများ၏ အားပေးမှုကို ရရှိခဲ့သည့်အလျောက် ၂၀၂၄ခုနှစ်အတွက်လဲ ထပ်မံမိတ်ဆက်ပေးခဲ့သည်။ သာမန်အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်မတူဘဲ

AI နည်းပညာဖြင့် 15% အထိ စွမ်းအင်ချွေတာအသုံးပြုနိုင်သော Real 4K UHD TV

လတ်ဆတ်ပြီး 50% အထိ စွမ်းအင်ချွေတာနိုင်သော ရေခဲသေတ္တာ

သန့်စင်ပြီး 60% စွမ်းအင်ချွေတာနိုင်သော အဝတ်လျှော်စက်

အေးမြပြီး 73% စွမ်းအင်ချွေတာနိုင်သော Digital Inverter Air con တို့ပါဝင်ပြီး အဆိုပါ “Built For Myanmar” အိမ်သုံးလျှပ်စစ်ပစ္စည်းများက စွမ်းအင်ချွေတာပြီး မီတာသုံးစွဲမှုကို သက်သာစေနိုင်သောကြောင့် အကုန်ကျစရိတ်ကို သက်သာစေနိုင်တဲ့အပြင် နောက်ဆုံးပေါ်နည်းပညာများကြောင့် Smart Lifestyle ကိုလည်း ဖန်တီးနိုင်မည်ဖြစ်ပါသည်။

ထို “Built For Myanmar” ထုတ်ကုန်များကို ၂၀၂၄ခုနှစ် မတ်လ (၁၅)ရက်မှ ဧပြီလ (၂၁)ရက်အထိ ဝယ်ယူပါက ငွေသားလက်ဆောင် (၅) သိန်းကျပ်အထိ ပေးအပ်သွားမည်ဖြစ်သည့်အတွက် မီတာခသက်သာပြီး ကုန်ကျစရိတ်ကို ချွေတာနိုင်မည့်အပြင် ငွေသားလက်ဆောင်ပရိုမိုးရှင်းကြောင့် ဝယ်ယူမည့်ပစ္စည်းအလိုက်ရရှိမည့် ငွေသားလက်ဆောင်များကြောင့် ကုန်ကျစရိတ်ကို “၂ကြိမ်တိတိ” ချွေတာနိုင်မည်ဖြစ်ပါသည်။

စွမ်းအင်ကို ပိုမိုချွေတာပြီး ကုန်ကျစရိတ်များကို လျှော့ချနိုင်ဖို့ Built For Myanmar အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ငွေသားလက်ဆောင်နှင့်အတူ Samsung Showroom နှင့် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများတွင် ဝယ်ယူနိုင်မှာဖြစ်ပြီး ပရိုမိုးရှင်း အစီအစဥ်အသေးစိတ်ကိုSamsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ: https://www.facebook.com/SamsungMyanmar
Samsung Myanmar ၏ Website: www.samsung.com/mm တို့တွင်လည်း ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top