လူမှန် နေရာမှန်

man.gif

၁။ နေရာ၊ ရာထူး၊ အလုပ် အမျိုးအစား တစ်ခုမှာ မိမိဟာ နေသားကျသွားတိုင်း မိမိ တည်ရှိရမယ့်နေရာလို့ မဆိုလိုပါဘူး။

လူတိုင်း ကိုယ်စီကိုယ်ငှမှာ မတူညီ ကွဲပြားတဲ့ အရည်အချင်းများ၊ စရိုက်လက္ခဏာများ ရှိပါတယ်။

၂။ လူမှန် နေရာမှန် ရောက်မှ မိမိအတွက်လည်း တိုးတက်မှာ ဖြစ်သလို မိမိ ပတ်ဝန်းကျင် တိုင်းပြည်ကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ကိုယ့်နေရာ မဟုတ်ပဲ ရောက်နေသူများကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်ရသလို မိမိရဲ့ တက်လမ်း ဘဝရှေ့ရေးကိုလည်း အကျိုးမပေးပါ။ တဒင်္ဂ ပျော်ရွှင် အဆင်ပြေမှု တစ်ခုတော့ ရပါလိမ့်မယ်။ ဒါပေမယ့် ရေရှည် မည်သူ့အတွက်မှ မကောင်းပါ။

၃။ ကျီးသည် ဒေါင်းယောင်ဆောင်သော်လည်း ဒေါင်းမဖြစ်နိုင်သလို ဒေါင်းက ကျီးတွေကြားမှာ သွားရောက် ယောင်ဆောင်နေလို့လည်း ကျီးမဖြစ်နိုင်ပါ။ မိမိရဲ့ အရည်အချင်း၊ ဝါသနာ အထုံနှင့် လိုက်လျောညီထွေသော ပတ်ဝန်းကျင်၊ အလုပ်၊ နေရာ ဘဝကို ပိုင်ဆိုင် ရရှိစေရန် ဆုတောင်းပေးအပ် ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top