စီးသူတစ်ယောက်တည်းရှိသော်လည်း မီးရထားကိုပုံမှန်ပြေးဆွဲပေးတဲ့ဂျပန်

japan-train.gif

ဂျပန်နိုင်ငံမှာ မီးရထားကို ပုံမှန်စောင့်စီးတဲ့ အထက်တန်းကျောင်းသူ တစ်ယောက်ကြောင့် အစိုးရက မီးရထားကို ပုံမှန်ပြေးဆွဲ ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ထိုမီးရထားဟာ မှတ်တိုင်နှစ်ခုပဲ ရပ်ပါတယ်။ ကျောင်းသူမလေး စတင်စီးနင်းတဲ့ မှတ်တိုင်နဲ့ သူမဆင်းတဲ့ မှတ်တိုင် နှစ်ခုမှာပဲ ရပ်တယ်လို့ ဆိုပါတယ်။ အခြားမှတ်တိုင်များကတော့ ရထားကို စီးသူလုံးဝ မရှိပါဘူး။

မီးရထားဟာ စီးသူမရှိသောကြောင့် ရပ်နားထားရတာကနေ ပုံမှန်စောင့်ပြီး စီးသော အထက်တန်းကျောင်းသူ မိန်းကလေးကြောင့် ပြန်လည်ပြေးဆွဲ ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ရထားတစ်စီး လုံးမှာလည်း ထိုမိန်းကလေး တစ်ယောက်သာ ရှိပြီးတော့ သူမဟာ ထိုမီးရထားကိုစီးပြီး ကျောင်းကိုသွားခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရထားထွက်ချိန် သိမ်းချိန်များကိုလည်း ထိုကျောင်းသူရဲ့ စီးနင်းတဲ့ အချိန်ပေါ်မူတည်ပြီး ရထားဌာနမှ သတ်မှတ် ပေးထားပါတယ်။ အဲဒီရပ်ထားဟာ အထက်တန်းကျောင်းသူလေး ပညာသင်ကြားမူ ပြီးဆုံးသွားတဲ့ အခါမှာ အပြီးရပ်နားတော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top