အငှားယာဉ်မောင်းအပေါ် ထိခိုက်နာကျင်အောင် စေခိုင်းမှုနဲ့ စစ်ဆေးခံနေရတဲ့ ထိုင်ဝမ်မင်းသား ဒါရန် ဝမ်

drive-1.jpg

နာမည်ကြီးထိုင်ဝမ်မင်းသား ဒါရန် ဝမ်ကို အစိုးရရှေ့နေတွေက မတ်လ ၄ ရက်နေ့မှာ တက္ကစီယာဉ်မောင်းတစ်ဦးကို တိုက်ခိုက်ဖို့ လူတစ်ယောက်ကို စေခိုင်းသူဖြစ်တယ်ဆိုတဲ့ သံသယရရှိမှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။ တက္ကစီယာဉ်မောင်းက ပြင်းထန်စွာထိခိုက်ဒဏ်ရာရထားပါတယ်။


ရဲတပ်ဖွဲ့က ဒါရန် ဝမ် ကို လူသတ်မှုကျူးလွန်ဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်တင်ထားတာဖြစ်တယ်လို့ ထိုင်ဝမ်သတင်းတွေအရ သိရပါတယ်။ ဒါရန် ဝမ်ဟာ စစ်မှုထမ်းတာကို ရှောင်လွှဲဖို့ ဆေးမှတ်တမ်းအတုပြုလုပ်ခဲ့တယ်လို့လည်း စွဲချက်တင်ခံထားရသူပါ။ အဲ့ဒီလိုစွဲချက်တင်ခံရပြီး ၂ ပတ်အကြာမှာ အခုလို ထပ်ဖြစ်လာခဲ့တာပါ။ အစိုးရရှေ့နေတွေက သူ့ရဲ့လက်ကိုင်ဖုန်းကို စစ်ဆေးနေခဲ့တဲ့အချိန်မှာ တက္ကစီယာဉ်မောင်းကို တိုက်ခိုက်စေမှုဟာ ထွက်ပေါ်လာခဲ့တာပါ။


ဒါရန် ဝမ်ဟာ ပြီးခဲ့တဲ့ဧပြီလက Uber အငှားယာဉ်ကို App ကနေ ငှားခဲ့ပြီး Tesla ကားရဲ့အရည်အသွေးနဲ့ ယာဉ်မောင်းရဲ့ဝန်ဆောင်မှုကို မကျေနပ်ခဲ့ဘူးလို့ သတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။


ဒါရမ်က အငှားယာဉ်စီးပြီးနောက် သူ့ရဲ့သော့တွေ ကားထဲကျန်ခဲ့လို့ ကားတံခါးဖွင့်တာ ဖွင့်မရတာကြောင့် ကားတံခါးကို ပြင်းပြင်းထန်ထန်ထုခဲ့ကာ ယာဉ်မောင်းနဲ့ စကားများခဲ့ကြတယ်လို့ ဆိုပါတယ်။


အဲ့ဒီနောက် ဒါရမ်က မိသားစုပိုင် မော်တော်ယာဉ်တင်သွင်းခြင်းလုပ်ငန်းကို လုပ်ကိုင်နေတဲ့ သူ့သူငယ်ချင်း ယွီစန်မင်းဆိုတဲ့ အမျိုးသားကို တိုင်ကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်က တရုတ်လျှို့ဝှက်ဒုစရိုက်အဖွဲ့အစည်းနဲ့ အဆက်အသွယ်ရှိပြီး တက္ကစီယာဉ်မောင်းကို တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့တယ်။ တိုက်ခိုက်ထားတဲ့ဗီဒီယိုကို ဒါရမ်က လက်ဝယ်ပိုင်ဆိုင်ထားပြီး သူ့သူငယ်ချင်းတွေဆီကိုတောင် ပြန်ပို့ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါရမ်က ထိုင်ဝမ်ဒေါ်လာ ၅ သန်း အာမခံနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ သူ့သူငယ်ချင်းကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဧည့်သည်လာတွေ့ခွင့် ပိတ်ထားပါတယ်။


Ref: After allegedly dodging military service, Darren Wang now under investigation for attempted murder of taxi driver

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply