အင်္ဂါဂြိုဟ်ရဲ့ တချို့နေရာတွေထက်တောင် ပိုအေးတဲ့ ကမ္ဘာ့အအေးခဲဆုံးနေရာ

29-12-2022-yyl-126.jpg

ကမ္ဘာပေါ်မှ အအေးခဲဆုံးနေရာဟာ အန္တာတိကအရှေ့ပိုင်းကုန်းမြင့်ပေါ်က တောင်စွယ်ဖြစ်ပြီး အပူချိန် -၁၃၅ ဒီဂရီဖာရင်ဟိုက် (- ၉၃.၂ ဒီဂရီဆဲလ်စီးယက်)အထိ ရှိတယ်လို့ နာဆာရဲ့ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဂြိုဟ်တုတွေက ဖော်ပြပါတယ်။

အဲဒီလောက် အေးခဲနေတဲ့ အပူချိန်မျိုးမှာ အထူးဝတ်စုံမပါဘဲ စက္ကန့်ပိုင်းလောက် အအေးဒဏ်ခံမိရင် အသက်ဆုံးရှုံးစေနိုင်ပါတယ်။ -၉၅ ဒီဂရီဖာရင်ဟိုက် အပူချိန်မှာ အအေးဓာတ်မိတာနဲ့ ၂ မိနစ်အတွင်း နှင်းကိုက်ဝေဒနာခံစားရနိုင်တယ်လို့ အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အအေးခဲဆုံးနေရာမှ အပူချိန်ဟာ အင်္ဂါဂြိုဟ်ပေါ်က တချို့နေရာတွေရဲ့ အပူချိန်ထက်တောင် ပိုနည်းနေပါသေးတယ်။ (အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ယှဉ်ရင် နေထက် ပိုဝေးတဲ့နေရာဖြစ်လို့ ပိုအေးပါတယ်)။ အန္တာတိကအရှေ့ပိုင်းကုန်းမြင့်ဟာ နာဆာအဖွဲ့က အဲဒီနေရာမှာ အပူချိန် ကိန်းဂဏန်းအချက်အလက်တွေ စတင်ကောက်ယူတဲ့ ၂၀၁၃ ခုနှစ်ကတည်းက ကမ္ဘာ့အအေးခဲဆုံးနေရာအဖြစ် မှတ်တမ်းဝင်နေခဲ့တာပါ။

Ref:In the Coldest Place on Earth Temperatures Drop to Minus 135.8 Degrees Fahrenheit

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top