ရာသီလာချိန်ကို ရက်အနည်းငယ်ရွှေ့ဖို့အတွက် သောက်တဲ့ဆေးတွေက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

yyl-010-7.jpg

အမျိုးသမီးတွေက လတိုင်း ဓမ္မတာလာချိန်ကို ဖြတ်ကျော်ကြရပါတယ်။ ကိုယ့်ရဲ့ရာသီလာချိန်က သူငယ်ချင်းရဲ့မင်္ဂလာဆောင် (ဒါမှမဟုတ်) အခါကြီးရက်ကြီးနဲ့ တိုက်နေတဲ့အခါမျိုးမှာဆိုရင် အဲဒီရက်ကို ရွှေ့ပစ်ချင်ကြပါတယ်။ တချို့အမျိုးသမီးတွေက ရာသီလာချိန်ကို ဆေးသောက်ပြီး ရွှေ့ဆိုင်းကြပါတယ်။ ဆေးသောက်ရင် သက်တောင့်သက်သာဖြစ်ပေမယ့်လည်း ဒီဆေးတွေက ကျွန်မတို့ရဲ့မျိုးပွားမှုစနစ်နဲ့ ခန္ဓာကိုယ်ကို သက်ရောက်မှုရှိပါတယ်။ သင့်ရဲ့ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

သင့်ရဲ့ရာသီလာချိန်ကို ထိခိုက်စေနိုင်ခြင်း

ရာသီလာချိန်ကို ရွှေ့ဆိုင်းဖို့အတွက် မကြာခဏ ဆေးသောက်ခြင်းက သင့်ရဲ့ရာသီလာချိန်စက်ဝန်းနဲ့ မျိုးပွားနိုင်မှုအားလုံးကို သက်ရောက်မှုရှိတဲ့အတွက် ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ရက်အနည်းငယ်လောက် ရာသီလာချိန်ကို ရွှေ့ဆိုင်းတာက သင့်ပုံမှန်ရာသီလာချိန်စက်ဝန်းကို ထိန်းချုပ်လို့မရဖြစ်သွားနိုင်ပါတယ်။ နောက်ပိုင်းမှာ ရာသီလာချိန်ပုံမှန်မဟုတ်တာတွေဖြစ်လာနိုင်ပါတယ်။

ရာသီသွေးအရမ်းများလာခြင်း

အမျိုးသမီး ၂၀ ရာခိုင်နှုန်းက ဆေးသောက်ပြီးတဲ့နောက်မှာ လအနည်းငယ်လောက် ရာသီသွေးအရမ်းများလာတာကို တွေ့ကြုံရပါတယ်။ ဒါက လတော်တော်များများ ဆက်ပြီးဖြစ်လာနိုင်ပါတယ်။ သင်က နဂိုရာသီလာတဲ့ချိန်ကို ရက်အနည်းငယ်လောက်ရွှေ့ဆိုင်းပစ်ဖို့ စဉ်းစားနေရင် မလုပ်တာကောင်းပါတယ်။

ပြင်းထန်တဲ့ကျန်းမာရေးအခြေအနေဖြစ်လာနိုင်ခြင်း

အဲဒီဆေးတွေကို အချိန်အကြာကြီးသောက်သုံးတာက သွေးပြန်ကြောမှာ သွေးခဲတာ၊ အဆုတ်သွားသွေးကြောပိတ်တာတွေလို ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။

အခြားဘေးထွက်ဆိုးကျိုးများ

ရာသီလာတဲ့ရက်တွေကို ရွှေ့ဆိုင်းဖို့အတွက် ဆေးသောက်ရင် အခြားဘေးထွက်ဆိုးကျိုးကတော့
– နေမကောင်းသလိုခံစားရခြင်း
– ဝမ်းလျှောခြင်း
– သားအိမ်လမ်းကြောင်းမှာ သွေးထွက်ခြင်း
– ကြွက်တက်ခြင်း တို့ဖြစ်ပါတယ်။

Ref: 3 ways taking pills for delaying periods can affect your body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top