မိုးရာသီအတွင်း အဖြစ်များတဲ့ ကူးစက်ရောဂါများနဲ့ ကြိုတင်ကာကွယ်နည်းများ

4-8-2020-yyl-030.jpg

ဒီနှစ်မိုးတွင်းကာလမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ ဖြစ်ပွားနေပါတယ်။ ကျွန်တော်တို့တွေက အဲဒီကပ်ရောဂါအပြင် မိုးတွင်းမှာ အဖြစ်များတဲ့ ကူးစက်ရောဂါအန္တရာယ်ကိုလည်း သတိထားနေရမှာဖြစ်ပါတယ်။ မိုးတွင်းမှာ ကူးစက်ရောဂါတွေ ဖြစ်နိုင်ချေများပြီး အအေးမိဖျားနာတာတွေဖြစ်လာနိုင်ပါတယ်။ လေ့လာချက်တွေကတော့ ဘတ်တီးရီးယားဆိုင်ရာ ကူးစက်ရောဂါဖြစ်နိုင်ချေက အခြားရာသီတွေနဲ့ယှဉ်ရင် မိုးတွင်းမှာ နှစ်ကြိမ်ထက်ပိုပြီးဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ လေထဲမှာ စိုစွတ်မှုမြင့်မားတာက ကူးစက်ရောဂါရနိုင်ဖို့ ပိုလွယ်ကူစေပါတယ်။ မိုးတွင်းမှာ ဘယ်လိုကူးစက်ရောဂါမျိုးတွေ အဖြစ်များလဲဆိုတာနဲ့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေး (chikungunya) လို ခြင်ကနေတဆင့် ကူးစက်တဲ့ရောဂါတွေကလည်း မိုးရာသီအတွင်းမှာ အဖြစ်များပါတယ်။ မိုးသည်းထန်စွာရွာတာက ခြင်တွေကို ပေါက်ဖွားစေနိုင်တဲ့အတွက် ရေစိုးရေညမ်းတွေဖြစ်လာစေပြီး သွေးလွန်တုပ်ကွေးနဲ့ ဆင်တုပ်ကွေးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့အတွက် သင် နေထိုင်တဲ့နေရာမှာ မိုးရေခံတာတွေ မလုပ်တာအကောင်းဆုံးပါပဲ။ ခြင်နိုင်ဆေးသုံးတာ၊ အင်္ကျီရှည်ဘောင်းဘီရှည် လုံလုံခြုံခြုံ ဝတ်ဆင်ပေးတာကလည်း သင့်ကို ခြင်မကိုက်အောင် ကာကွယ်ပေးရာရောက်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ

မိုးရာသီက အစားအစာတွေမှာ အလွန်သေးငယ်တဲ့ပိုးမွှားတွေ ပေါက်ဖွားဖို့အတွက် အကောင်းဆုံးပါပဲ။ အစားအစာတွေကို သေချာမသိမ်းဆည်းရင် တစ်စုံတစ်ယောက်က မသန့်ရှင်းတဲ့အစားအစာတွေကို စားသုံးမိရင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အပြင်အစားအစာတွေကို မစားဘဲ အိမ်က ချက်ပြုတ်တဲ့အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ မိမိစားသုံးမယ့်အစားအစာတွေကို သေချာစွာ သိမ်းဆည်းသင့်ပါတယ်။ အစားအစာမချက်ပြုတ်ခင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ကို ရေနွေးနဲ့ သန့်စင်ပေးဖို့လည်း အကြံပြုချင်ပါတယ်။

အအေးမိဖျားနာခြင်း

အခုလိုရာသီမှာ အဖြစ်များဆုံးဖျားနာမှုနဲ့ ကူးစက်ရောဂါတွေထဲက တစ်ခုက အအေးမိဖျားနာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဘယ်လိုကာကွယ်ပြီး နေနေ ဒီရာသီအတွင်းမှာ အနည်းဆုံး (၁) ခါ၊ (၂) ခါလောက်တော့ ဖျားနာတတ်ကြပါတယ်။ အခုချိန်က လေထဲမှာ ရောဂါဖြစ်စေနိုင်တဲ့ ပစ္စည်းပမာဏများတဲ့အတွက် အအေးမိဖျားနာခြင်းတွေ အဖြစ်များပါတယ်။ အအေးမိဖျားနာတဲ့ သူတွေနဲ့ မထိတွေ့ပါနဲ့။ မိသားစုဝင်ထဲမှာ အအေးမိဖျားနာတဲ့သူရှိရင် တဘက်စောင်နဲ့ အသုံးဆောင်ပစ္စည်းတွေကို သီးသန့်ထားပါ။ လက်ကို မကြာခဏ ဆေးကြောပေးသင့်ပါတယ်။

ဝမ်းရောဂါ

ဝမ်းရောဂါက ရေကနေကူးစက်တဲ့ရောဂါဖြစ်ပြီး မိုးတွင်းမှာ အဖြစ်များပါတယ်။ ဝမ်းရောဂါမဖြစ်ဖို့အတွက် ရေဓာတ်ပြည့်ဝစွာနေပြီး သန့်ရှင်းတဲ့အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

အူရောင်ငန်းဖျားရောဂါ

အူရောင်ငန်းဖျားရောဂါကလည်း ရေကနေဖြစ်တဲ့ရောဂါဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့အတွက် မိုးတွင်းမှာ အဖြစ်များပါတယ်။ ဒီရောဂါက ဖျားနာပြီး အသားဝါလာကာ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အူရောင်ငန်းဖျားမဖြစ်အောင် သန့်ရှင်းတဲ့ရေကို သောက်သုံးပေးပါ။ အပြင်မှာ တွေ့ရာရေကို မသုံးသောက်ဘဲ သင် အပြင်သွားတဲ့အခါတိုင်း ရေသန့်ဗူးသယ်သွားသင့်ပါတယ်။

Ref: 5 infections that are common during monsoon and ways to prevent them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top