ရေအိမ်အတွင်း အတွင်းခံနဲ့ အဝတ်စုတ်တွေ မစွန့်ပစ်ကြဖို့ အိန္ဒိယလေကြောင်းလိုင်းက မေတ္တာရပ်ခံ

air-1.jpg

လေယာဉ်တစ်စီး နောက်ကြောင်း ပြန်လှည့်ခဲ့ရပြီးနောက် လေယာဉ်ရေအိမ်အတွင်း ပိတ်ဆို့စေတတ်တဲ့ပစ္စည်းတွေ မစွန့်ပစ်ကြဖို့ အိန္ဒိယလေကြောင်းလိုင်းက မေတ္တာရပ်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် AI126 လေယာဉ်ဟာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့ကနေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ပျံသန်းနေစဉ် လေယာဉ်အိမ်သာခွက် ၁၂ ခုအနက် ၈ ခုမှာ ပိတ်ဆို့မှုတွေ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီး ပျံသန်းချိန် ၅ နာရီအကြာမှာ နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

ချီကာဂိုလေဆိပ်ကို လေယာဉ်ဆင်းသက်ပြီးနောက် ရေအိမ်ကို စစ်ဆေးရာမှာ ပလတ်စတစ်အိတ်တွေ၊ အဝတ်စတွေ၊ အမှိုက်တွေ ပိတ်ဆို့နေတာကို တွေ့ရှိခဲ့တာပါ။ ယခင်ကလည်း အိန္ဒိယလေကြောင်းလိုင်းရဲ့ လေယာဉ်ရေအိမ်တွေမှာ စောင်တွေ၊ အတွင်းခံတွေ၊ သေးခံနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေ ပိတ်ဆို့နေတာကို ဝန်ထမ်းတွေက ရှင်းလင်းဖယ်ရှားခဲ့ရတယ်လို့ လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ဆိုပါတယ်။

Ref: Air India asks passengers to stop flushing clothes down plane toilets

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top