အမေရိကန်နိုင်ငံ ဆန်အန်တိုနီယိုနိုင်ငံတကာလေဆိပ်မှာ လေယာဉ်အင်ဂျင်ထဲ စုပ်ယူခြင်းခံခဲ့ရလို့ လေဆိပ်မြေပြင်ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၂၃ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့ကနေ ပျံသန်းလာတဲ့ ဒဲလ်တာလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၁၁၁၁ လေယာဉ်ဟာ ဆန်အန်တိုနီယိုလေဆိပ်ကို ဆိုက်ရောက်ခဲ့ပြီး အင်ဂျင်တစ်လုံးပဲဖွင့်ကာ ဂိတ်ထံ သွားနေတုန်း လေဆိပ်မြေပြင်ဝန်ထမ်းကို စုပ်ယူသွားခဲ့တာပါ။
ဘေးကင်းလုံခြုံရေးဆိုင်ရာ ဘုတ်အဖွဲ့က ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဆက်လက်စုဆောင်းနေပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
ဒါဟာ ၆ လတာအတွင်း လေယာဉ်အင်ဂျင်စုပ်ယူခံရမှုကြောင့် ဒုတိယမြောက် လူသေဆုံးမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အလာဘားမားပြည်နယ် မောင့်ဂိုမာရီလေဆိပ်မှာ လေယာဉ်အင်ဂျင် စုပ်ယူခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် မြေပြင်ဝန်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
လေယာဉ်အင်ဂျင်ရဲ့ အရှေ့ဘက်၊ ဘေးနှစ်ဘက်နဲ့ အနည်းဆုံး ၁၀ မီတာ အကွာအဝေးမှာ နေမှသာ လေယာဉ်အင်ဂျင်ရဲ့ စုပ်ယူခြင်း ဘေးအန္တရာယ်ကနေ ကင်းဝေးနိုင်မယ်လို့ လမ်းညွှန်ချက်တွေမှာ ဖော်ပြပါတယ်။
Ref: Airport worker dies after being ‘ingested’ into plane engine in Texas
NZ ( ရိုးရာလေး)