မီတာ ၅၀၀ အဝန်းအဝိုင်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး

26.6.2023-yyl-9.jpg

ဘရာဇီးနိုင်ငံ ရီယိုဂရန်ဒီဒိုနော့တေးပြည်နယ်မှာ ရှိတဲ့ ပီရန်ဂီသီဟိုဠ်သရက်ပင်ဟာ ကမ္ဘာ့အကြီးဆုံး သီဟိုဠ်သရက်ပင်ကြီး ဖြစ်ပါတယ်။ စတုရန်းမီတာ ၇၃၀၀ ကနေ ၈၄၀၀ ကြား အကျယ်အဝန်းအထိ နေရာယူထားပြီး သာမန်သီဟိုဠ်သရက်ပင် ၇၀ စာ အရွယ်အစား ရှိပါတယ်။ ပီရန်ဂီသီဟိုဠ်သရက်ပင်ရဲ့ အဝန်းအဝိုင်းက မီတာ ၅၀၀ ရှိပါတယ်။

ပီရန်ဂီသီဟိုဠ်သရက်ပင်ရဲ့ အကိုင်းအခက်တွေဟာ လေးလံလွန်းတာကြောင့် မြေပြင်ပေါ် ကိုင်းညွတ်ကျနေပြီး မြေပြင်နဲ့ ထိမိတဲ့နေရာမှာ နောက်ထပ်အမြစ်သစ်တွေ ပေါ်ပေါက်လာပြီး ထပ်ပွားသွားတာကြောင့် အခုလို အရွယ်အစားကြီးမားလာတာ ဖြစ်ပါတယ်။ ဒီအပင်ကြီးဟာ နှစ်တစ်ထောင်ကျော် သက်တမ်းရှိပြီး နှစ်စဉ်နှစ်တိုင်း သီဟိုဠ်သရက်သီး ၆၀၀၀၀ သီးနေဆဲပါ။

Ref: Cashew of Pirangi

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top