စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဦးစားပေးချင်လို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်တဲ့ ရှောင်မန်ဒက်စ်

28-7-2022-yyl05.jpg

အခုလအစောပိုင်းက အဆိုတော် ရှောင် မန်ဒက်စ်ဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အာရုံစိုက်ဖို့အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲတချို့ကို ရွှေ့ဆိုင်းထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဦးစားပေးပြီး ကိုယ်ပိုင်အချိန်တွေယူရမှာဖြစ်တာကြောင့် Wonder ကမ္ဘာလှည့်ဖျော်ဖြေပွဲရက်တွေအကုန်လုံးကို ဖျက်သိမ်းလိုက်ပါပြီ။

ကမ္ဘာလှည့်ဖျော်ဖြေပွဲအကုန်လုံးဖျက်သိမ်းလိုက်ပြီဆိုတာကို ရှောင် မန်ဒက်စ်က ပရိသတ်တွေကို သူ့အင်စတာဂရမ်အကောင့်ကနေတဆင့် အသိပေးခဲ့တာပါ။ သူက ကပ်ရောဂါကြောင့် ဖျော်ဖြေပွဲတွေ အချိန်အကြာကြီးရပ်နားထားရပြီးနောက် ပြန်လည်ဖျော်ဖြေခွင့်ရတဲ့အချိန်မှာ ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲကို စိတ်လှုပ်ရှားစွာနဲ့ စတင်ခဲ့ပေမဲ့ လက်တွေ့မှာ အချိန်ပေးပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်ရတာ ခက်ခဲတဲ့အတွက် သူ အဆင့်သင်မဖြစ်သေးကြောင်း ပြောပါတယ်။

သူ့အဖွဲ့သားတွေနဲ့ စကားပြောပြီး ကျန်းမာရေးပညာရှင်အဖွဲ့နဲ့ တိုင်ပင်ကြည့်ပြီးတဲ့နောက်မှာ ပိုပြီးသန်မာလာဖို့အတွက် တစ်ခါမှ မယူခဲ့ဖူးတဲ့ ကိုယ်ပိုင်အချိန်တွေ ယူဖို့ လိုအပ်တယ်ဆိုတာကို ပိုသိလာရကြောင်း၊ စိတ်မကောင်းစွာနဲ့ပဲ မြောက်အမေရိက၊ ဗြိတိန်/ဥရောပဖျော်ဖြေပွဲရက်တွေအကုန်လုံးကို ဖျက်သိမ်းလိုက်ရကြောင်း ပြောပါတယ်။

လိုအပ်နေတဲ့အချိန်တစ်ခုလောက်ယူပြီးရင် ကျန်နေတဲ့ ဖျော်ဖြေပွဲတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ကျန်းမာရေးကို ပထမဦးစားပေးအနေနဲ့ ထားရမယ်လို့ ရှောင် မန်ဒက်စ်က ဆိုပါတယ်။ သီချင်းတွေကိုတော့ ဆက်ပြီး ဖန်တီးသွားမှာဖြစ်ပြီး ကုသဖို့ အချိန်ယူပြီးတာနဲ့ ပြန်လာခဲ့မယ်လို့ သူက ကတိပေးခဲ့ပါတယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Ref: AsiaOne “Taking time to heal: Shawn Mendes cancels rest of his Wonder world tour”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top