အူရီဒူးမြန်မာ၏ Internship Program 2024 တွင် ပါဝင်ရန် ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်မည်

24.6.2024-yyl-5.png

လူငယ်များအတွက် တန်ဖိုးရှိလှသည့် လုပ်ငန်းအတွေ့အကြုံများ ရရှိနိုင်မည့် အူရီဒူးမြန်မာ၏ Internship Program 2024 ကို လျှောက်ထားရာမှာ ပိုမိုအဆင်ပြေစေနိုင်ဖို့ လျှောက်လွှာနောက်ဆုံးရက်ကို ဇွန်လ (၃၀) ရက်နေ့အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ပါသည်။ ဖော်ပြပါလင့်ခ် https://internship2024.ooredoo.com.mm/ မှ လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပြီး လျှောက်ထားနိုင်မည်ဖြစ်သလို [email protected] သို့ မိမိ၏ ကိုယ်ရေးရာဇဝင်၊ မှတ်ပုံတင်မိတ္တူ ၊ ပညာအရည်အချင်း အထောက်အထားများကို တိုက်ရိုက်ပေးပို့ပြီးလည်း လျှောက်ထားနိုင်ပါသည်။

စိတ်ပါဝင်စားသူလူငယ်များအနေဖြင့် အူရီဒူးမြန်မာ၏ ဌာနကြီးများဖြစ်သော နည်းပညာ၊ အရောင်းနှင့် ဖြန့်ချိရေး၊ ဘဏ္ဍာရေး၊ သုံးစွဲသူဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု (B2B)၊ Marketing၊ Digital နှင့် Corporate Communications ဌာနများတွင် Internship အစီအစဉ်ဖြင့် ဝင်ရောက်လေ့လာလုပ်ကိုင်ရန် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top