မြန်မာဈေးကွက်မှာ ၈ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ Vivo

15-7-2022-24-1.jpg

Vivo ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာခဲ့တာ ၈ နှစ် ပြည့်မြောက်ခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ အရောင်းရဆုံး စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo ဟာ 2014 ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်ဝင်‌ရောက်ခဲ့ပြီး နိုင်ငံတစ်ဝန်း လက်လီစတိုးပေါင်း ၃၀၉၄ ဆိုင် ဖွင့်လှစ်ထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရှိ ဒေသခံလူထုအား ပြန်လည်ပေးအပ်ဖို့နဲ့ ယင်းဆောင်ရွက်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဒေသတွင်း လှုပ်ရှားမှုတွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။

vivoSpreadsSmiles ဆိုတဲ့ လူထုအကျိုးပြုလှုပ်ရှားမှုကို ခိုင်နှင်းဝေဖောင်ဒေးရှင်းနဲ့ပူးပေါင်း စတင်ခဲ့ပါတယ်။ အဆိုပါကမ်ပိန်းမှတစ်ဆင့် အာဟာရ၊ ပညာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ထုတ်ကုန်မျိုးစုံပါဝင်သော ကျပ် သိန်း ၁၀၀ တန်ဖိုးရှိ “Box of JOY” တွေကို ကလေး ၆၀ ကျော်အတွက် လှူဒါန်းခဲ့ပါတယ်။ ဤသေတ္တာတွေထဲမှာ နို့မှုန့်တွေ၊ ကလေးအစားအစာတွေ၊ အနှီး၊ မှတ်စုစာအုပ်တွေနဲ့ စာရေးကိရိယာပစ္စည်းတွေ ပါဝင်ပါတယ်။

ဘောလုံးဝါသနာရှင်တွေနဲ့ vivo ပရိသတ်တွေအတွက်လည်း “V Better Together” အပျော်တမ်းဖူဆယ်ပြိုင်ပွဲကို vivo က စီစဉ်ပေးခဲ့ပါသေးတယ်။vivo ဟာ ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ FIFA World Cup Qatar 2022 ကို စပွန်ဆာပေးမှာဖြစ်ပြီး 2017 ခုနှစ်ကတည်းက FIFA World Cup™ ရဲ့ တရားဝင်စမတ်ဖုန်း စပွန်ဆာဖြစ်ပါတယ်။

”ကျွန်တော်တို့ကို ချစ်ခြင်းမေတ္တာများနဲ့ အဆက်မပြတ်ပံ့ပိုးမှုပေးနေတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်” လို့ vivo Myanmar ရဲ့ CEO ဖြစ်သူ Mr. Nelson Ni က ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြောကြားခဲ့ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top