AI နည်းပညာသုံး ဓာတ်ပုံပညာရပ်များ၏ အနာဂတ်ကို Huawei P20 နှင့် Huawei P20 Pro မှ မိတ်ဆက်

Mary-taking-photo-with-Huawei-P20.jpg

Huaweiက ကမ္ဘာ့မိုဘိုင်းဖုန်း ဓာတ်ပုံလောကကို လှုပ်ခတ်စေမယ့် P20 Series ကို ပြင်သစ်နိုင်ငံ ပါရီမြို့ Grand Palais ခန်းမှာ မိတ်ဆက်လိုက်ပါပြီ။ Huawei P20 နှင့် Huawei P20 Pro တို့ကို နောက်ဆုံးပေါ် အဆင့်မြင့် AI နည်းပညာများနဲ့ တည်ဆောက်ထားပြီး Huawei P20 Pro ဟာ ရင်သပ်ရှုမောဖွယ် ကင်မရာအတွေ့အကြုံသစ်တစ်ရပ်ကို ပေးစွမ်းနိုင်တဲ့ Leica ကင်မရာသုံးလုံးပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။

Huawei ရဲ့ အမှုဆောင်အရာရှိချုပ် Mr.Richard Yu က “ဒီ P Series ဟာ ဆန်းသစ် တီထွင်နိုင်စွမ်းကို လှုံဆော်ပေးနိုင်ပြီး ဓာတ်ပုံပညာရပ်အပေါ် အရူးအမူး ဖြစ်နေကြသူတွေကို ဓာတ်ပုံနဲ့ ပက်သက်လို့ ပိုမိုစွဲလမ်းစေမှာ ဖြစ်ပါတယ်။ အားကောင်းတဲ့ AI အသိဥာဏ်တု နည်းပညာတွေ ရင်သပ်ရှုမောဖွယ် အရောင်အသွေးအသစ်တွေ၊ Huawei P20 Pro ရဲ့ ဆန်းသစ်တဲ့ မှန်ဘီလူးသုံးလုံးပါရှိတဲ့ ကင်မရာစနစ်တွေနဲ့အတူ Huawei P20 Series ကို အလှီအပနှင့် အလင်းရောင်ကို အခြေခံပြီး ဒီဇိုင်း ရေးဆွဲထားပါတယ်” လို့ ပြောပါတယ်။

Huawei P20 Pro မှာ စမတ်ဖုန်းလောကရဲ့ အမြင့်ဆုံး Pixel ပမာဏပါဝင်တဲ့ မှန်ဘီလူး သုံးလုံးနဲ့ Leica ကင်မရာ တပ်ဆင်ထားပြီး Huawei P20 မှာတော့ Leica ကင်မရာ အသစ်နှစ်လုံး အသုံးပြုထားပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးစေနိုင်မယ့် Master AI နဲ့ ရုပ်ထွက် တည်ငြိမ်မှုကို အထောက်အကူပြုစေမယ့် စွမ်းအားမြင့် Huawei AIS နည်းပညာတို့ ပါဝင်နေပါတယ်။

Huawei P20 နဲ့ Huawei P20 Pro တို့မှာ အထူးပါးလွှာတဲ့ ဘောင်၊ ရင်သပ်ရှုမောဖွယ် အရောင်အသွေးတွေနဲ့ ထုတ်လုပ်ထားတဲ့ အလင်းအသားပေးဒီဇိုင်းကို ရောင်ပြန် ဒီဇိုင်းနဲ့ အပြီးသတ် ပေါင်းစပ်ထားပါတယ်။ Kirin 970 နဲ့ အားဖြည့်ထားပြီး Android 8.1 ကို အခြေခံထားတံ EMUI 8.1 နဲ့ dedicated NUP တို့ကို အသုံးပြုထားတာကြောင့် ထိပ်တန်း စမတ်ဖုန်းတစ်ခုရဲ့ ချောမွေ့ ပြေပြစ်တဲ့ သုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Huawei ဟာ တတိယမျိုးဆက်ဖြစ်တဲ့ Porsche Design Huawei Mate RS ကိုလည်း ထုတ်ဖော် ပြသခဲ့ပါသေးတယ်။ Porsche Design Huawei Mate RS မှာ Porsche Design ရဲ့ နာမည်ကျော် ဒီဇိုင်းလက်ရာနဲ့ Huawei ရဲ့ အဆင့်မြင့် နည်းပညာတို့ ပေါင်းစပ်ထားပြီး ဒါဟာ ထိပ်တန်း စမတ်ဖုန်းလောကမှာ အဆင့်အတန်းသစ် တစ်ခုကို ပြသလိုက်တာပါပဲ။

Huawei P20 Series မှာ စမတ်ဖုန်း နဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အတွေ့အကြုံကို ပိုမို အဆင့်မြှင့်တင်ပေးတဲ့ အဆင့်မြင့် ကင်မရာစရာ စနစ် အသစ် တစ်ခုကို မိတ်ဆက်ပေးထားပြီး စမတ်ဖုန်းလောကမှာ အမြင့်မားဆုံးသော Pixel ပမာဏပါဝင်တဲ့ Leica ကင်မရာသုံးလုံး ပါဝင်ကာ အရောင်အသွေး အစုံအလင်နဲ့ ရိုက်ကူးပေးတဲ့ 40MP RGB sensor, အဖြူအမည်း ဓာတ်ပုံတွေကို ဖမ်းယူပေးတဲ့ 20MP monochrome sensor, 8 MP sensor ပါဝင်တဲ့ တယ်လီဖိုတို မှန်ဘီလူးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် Dedicated ISP နဲ့ color temperature sensor တို့ ပါဝင်တဲ့ Leica အရောင်အသစ် တစ်မျိုးက ဓာတ်ပုံတွေကို အရောင်ထွက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။

1.5 micro millimeter ရှိ pixel အရွယ်အစားနဲ့ ညီမျှတဲ့ 12 MP sensor ၊ 20 MP monochrome sensor တို့နဲ့ ဖွဲ့စည်းထားတဲ့အတွက် အလင်းရောင်အားနည်းတဲ့ အခြေအနေတွေမှာ ကြင်လင်ပြတ်သားတဲ့ ဓာတ်ပုံကောင်းတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် AI နည်းပညာသုံး beautification လုပ်ဆောင်ချက် ၊ 3D portrait lighting တို့ ပါဝင်တဲ့ Huawei P20 နဲ့ Huawei P20 Pro ရဲ့ 24MP ရှိ ရှေ့ကင်မရာက အသားရောင် အနေအထားကို ပိုမိုကြည်လင်သဘာဝကျစေပြီး မျက်နှာပေါ်က အသေးစိတ် အချက်အလက်တွေကို လက်တွေ့ဆန်သော 3D ရုပ်ထွက်နဲ့ ပေါင်းစပ်ပြီး ပိုမိုလှပသေသပ်သော selfie ဓာတ်ပုံတွေကို ဖန်းတီးပေးနိုင်ပါတယ်။

AI ပံ့ပိုးထားတဲ့ မြင်ကွင်းနဲ့ အရာဝတ္ထုတွေကို ခွဲခြား သိမြင်နိုင်တဲ့ နည်းပညာက မတူညီတဲ့ မြင်ကွင်းနဲ့ အရာဝတ္ထုတွေကို ၁၉ မျိုးအထိ ခွဲခြား သိမြင်နိုင်စွမ်းရှိတဲ့ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ ဓာတ်ပုံစွမ်းရည်တွေကို ရွေးချယ်ပေးနိုင်ပါတယ်။ Huawei ရဲ့ အဆင့်မြင့် ကင်မရာစနစ် အသစ်တစ်ခုက 4D predictive focus ဖြစ်ပါတယ်။ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို ဒီစနစ်နဲ့ ရိုက်ကူးတဲ့အခါ လှုပ်ရှားနေတဲ့ အရာဝတ္ထုကို ခန့်မှန်းပြီး အထူး လျင်မြန် တိကျမှုနဲ့ ချိန်ဆကာ အသေးစိတ် ဖမ်းယူပေးနိုင်ပါတယ်။ နောက်ထပ် လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်တဲ့ AI-Assisted Composition က မိမိ ရိုက်ယူလိုတဲ့ ဓာတ်ပုံအနေအထားကို အလိုအလျောက် သိရှိပြီး Group shot နဲ့ landscape တွေအဖြစ် ပြောင်းလဲရိုက်နိုင်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။

Huawei ရဲ့ AIS(AI Image Stabilization) စနစ် ပါဝင်တဲ့အတွက် ညဘက်ရိုက်ကူးရာမှာ tripod အကူအညီ မပါဘဲနဲ့တင် တည်ငြိမ်ပြီး ရုပ်ထွက်ပြတ်သားတဲ့ ဓာတ်ပုံကောင်းတွေကို ပေးစွမ်းပါတယ်။ sis-axis stabilization နဲ့ အနှေးပြကွက်တွေအတွက် 960fps ပါဝင်တဲ့အတွက် အသေးစိတ်ကျတဲ့ ဗွီဒီယို မှတ်တမ်းတွေကို ဖမ်းတီးနိုင်စေပါတယ်။

Huawei Huawei P20 Series ရဲ့ သိသာထင်ရှားတဲ့ အချက်တစ်ချက်က အထူးသီးသန့်အရောင် ဖြစ်တဲ့ Twilight အရောင် ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီလိုသီးသန့်အရောင်ကို ရရှိနိုင်ဖို့အတွက် အနက်ရောင်ဖန်သားပြင်ကို အလင်းရိုက်ပြီး အလင်းယိုင်တဲ့အခါ ထင်ရှားတဲ့ အပြာရောင်မှ တဖြည်းဖြည်းခြင်း Twilight အရောင်ကို ပြောင်းလဲသွားတဲ့ ပုံစံဒီဇိုင်းမျိုးရရှိနိုင်တဲ့ NVMC optical coating အလွှာပေါင်းများနဲ့ ဖန်တီးထားပါတယ်။

Huawei P20 မှာ ၅. ၈ လက်မအရွယ်နဲ့ Huawei P20 Pro မှာ ၆.၁ လက်မအရွယ် မျက်နှာပြင်ပြည့် Full View Display တို့ ပါဝင်ပြီး အထူးပါးလွှာတဲ့ဘောင်၊ အံ့ဩဖွယ်မျက်နှာပြင်ကိုယ်ထည်အချိုးအစား (screen-to-body-ratios) ၊ ကိုင်ဆောင်ရလွယ်တဲ့ သေသပ်လှပတံ မျက်နှာပြင်အကွေးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အရောင်အနေနဲ့ Twilight ၊ Black ၊ Midnight Blue နဲ့ Pink Gold စတာတွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

AI အထောက်အပံတွေနဲ့ ပြုလုပ်ထားတဲ့ EMUI 8.1 မှာ Huawei ဖုန်းများ၊ PC တွေနဲ့ Macbook တွေအကြား ဖိုင်းတွေကို လျင်မြန်စွာ ဝေမျှနိုင်တဲ့ Huawei Share 2.0 ၊ Huawei P20 Series နဲ့ ကြိုးမဲ့ချိတ်ဆက်ပေးမယ့် projector နဲ့ အလားသဏ္ဍာန်တူ easy projection feature ၊ အက်ပလီကေးရှင်းနှစ်ခုကို ဘေးချင်းယှဉ်သုံးနိုင်စေမယ့် အသိဥာဏ်မြင့် spilt-screen ပံ့ပိုးထားတဲ့ Smart Screen function တို့ ပါဝင်ပါတယ်။

အသံဖိုင်တွေကို အရည်အသွေးမြင့် နားဆင်နိုင်ဖို့ 990 kps bandwith ပါရှိတဲ့ အကောင်းဆုံးသော ဘလူးတု(Bluetooth) အသံအရည်အသွေးကို ထောက်ပံ့ပေးထားပါတယ်။ TUV Safety Certified Huawei SuperCHarge ပါဝင်ပြီး Huawei P20 Pro မှာ 4000 mAh ဘက်ထရီ နဲ့ Huawe P20 မှာ ၃၄၀၀ mAh (ပုံမှန်စံနှုန်း) တို့ အသီးသီးထောက်ပံ့ထားတဲ့ AI နည်းပညာသုံး ဘက်ထရီထိန်းချုပ်မှု လုပ်ဆောင်ချက်တို့ ပါဝင်ပါတယ်။

Huawei ရဲ့ မူပိုင် Prisma version တချို့ပါဝင်ပြီး မိမိရိုက်ကူးလိုတဲ့ အရာဝတ္ထုနဲ့ မြင်ကွင်းတွေကိုခွဲခြား သိမြင်ကာ လက်တွေ့အချိန်မှာပဲ ၎င်းနဲ့ လိုက်ဖက်မယ့် filter များကို တွက်ချက်အကြံပြုပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပ်ြင Huawei P20 Pro Series များတွင် Google နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ နည်းပညာမြင့် AI စွမ်းရည်များစွာပါဝင်ပါတယ်။

Huawei P20 Series နဲ့အတူ Huawei FreeBuds ၊ Huawei Active Noise Cancelling Earphones 3 နဲ့ Huawei DAC Headphone Amplifier အစရှိတဲ့ အသံပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေကိုလည်း Huawei က တစ်ပြိုင်နက်တည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top