realme သမိုင်းမှာ အပါးဆုံးဖုန်း၊ RAM 6+6/128GB ROM တွဲဖက်မှု၊ ၄သိန်းဈေးတန်းမှာ အမြန်ဆုံး 33W အားသွင်းစနစ်ပါဝင်မယ့် realme C53 ကို မကြာမီ မိတ်ဆက်မယ်

8.6.2023-yyl-8.jpg

နိုင်ငံတကာနယ်ပယ်တွင်သာမက မြန်မာပြည် မိုဘိုင်းဈေးကွက်မှာပါ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ ချန်ပီယံထုတ်ကုန် realme C55 ရဲ့ လက်ဆင့်ကမ်းချန်ပီယံ ထုတ်ကုန်ဖြစ်တဲ့ realme C53 ကို မကြာခင် မိတ်ဆက်ပေးတော့မှာပါ။ ချန်ပီယံစီးရီး ထုတ်ကုန်သစ်ဖြစ်တာမို့ realme C53 ရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကို အားသွင်းစနစ်၊ ဖုန်းသိုလှောင်မှုနဲ့ ဒီဇိုင်းပိုင်း‌တွေမှာ ထိတွေ့ခံစားရစေမှာပါ။

realme C53 ဟာ ဈေးနှုန်း ၄သိန်းဝန်းကျင်တန်းမှာ ဦးဆောင်နိုင်ဖို့ ရည်ရွယ်ထားပြီး အဲဒီဈေးတန်းမှာ ပါဝင်လေ့မရှိတဲ့ 33Wအမြန်အားသွင်းစနစ်ကိုပါ ထည့်သွင်းပေးထားပါတယ်။ realme C53 ဟာ မနှစ်က ထုတ်ခဲ့တဲ့ relame C33 နေရာမှာ တိုးမြှင့်အစားထိုးဝင်ရောက်လာတဲ့ ထုတ်ကုန်ဖြစ်ပြီး ၂၀၂၃ အစောပိုင်း realme ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ realme 10 နှင့် realme C55 တွေမှာ အသုံးပြုပေးထားတဲ့ 33W အမြန်အားသွင်းစနစ်ကို ဈေးကွက်ထဲမှ သုံးစွဲသူတွေရဲ့ အသံကိုနားစွင့်ကာ ထည့်သွင်းပေးလိုက်တာပါ။

ယနေ့ခေတ် မိုဘိုင်းဖုန်းအသုံးပြုသူတွေဟာ အချိန်တိုအတွင်း အားအမြန်သွင်းနိုင်တဲ့ စနစ်ကို ပိုမိုတောင်းဆိုလာကြတာမို့ realme C53 မှာ ပါဝင်တဲ့ 33W အမြန်အားသွင်းစနစ်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဈေးသက်သာစွာ ဖြည့်ဆည်းပေးနိုင်မှာပါ။ ၁၅ မိနစ် အားသွင်းလိုက်ရုံဖြင့် ၄နာရီကြာ Social အွန်လိုင်း အသုံးပြုနိုင်မှာဖြစ်ပြီး နာရီဝက်အားသွင်းလိုက်ရုံဖြင့် Battery အား ၅၀ရာခိုင်နှုန်းဝင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်း၄သိန်းဝန်းကျင်မှာ Storage များများ သိုလှောင်သိမ်းဆည်းနိုင်ဖို့အတွက် ကြီးမားတဲ့ 128GB ROM ကို ထည့်သွင်းပေးထားပြီး ဖုန်းသုံးစွဲမှုအပိုင်း မြန်ဆန်သွက်လက်စေဖို့ RAM 6GB အထိ ထည့်သွင်းပေးထားပါတယ်။ DRE (Dynamic RAM Expension) နည်းပညာပေါင်းစပ်ပေးထားလို့ ထပ်တိုး RAM မှတ်ဉာဏ်ပမာဏကို 6GB အထိ ထပ်မံတိုးမြှင့်နိုင်ဦးမည်ဖြစ်ပြီး စုစုပေါင်း 6+6 (12GB RAM) ပမာဏအထိ လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်စေမယ့် အားသာချက်ကိုပါ ရရှိစေမှာပါ။

ဖုန်းဒီဇိုင်းဟာ လူငယ်တွေ ဦးစားပေးစဉ်းစားကြတဲ့ အချက်တစ်ခုဖြစ်ပြီး realme C53 ရဲ့ ဒီဇိုင်းဖန်တီးမှုဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာ Shiny Champion Design ဖြစ်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ရွှေရောင်အစင်းလိုင်း၊ ရွှေရောင်အလင်းစက်တွေကို ပေါင်းစပ် ဖန်တီးပေးထားခြင်းဖြစ်ပြီး ချန်ပီယံတစ်ယောက်လို ခံစားရစေမယ့် ဒီဇိုင်းဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ realme C53 မှာ ကြီးမားတဲ့ 5000mAh ဘက်ထရီကို အသုံးပြုထားပေမဲ့ အထူ ၇.၄၉ မီလီမီတာပဲ ရှိလို့ လက်ထဲမှာ ပေါ့ပေါ့ပါးပါး၊ သက်သောင့်သက်သာ ကိုင်ဆောင်နိုင်မှာပါ။ realme C53 ဟာ realme ကထုတ်လုပ်ခဲ့သမျှဖုန်းတွေထဲမှာ အပါးဆုံးဖုန်းတစ်လုံးအဖြစ်ပါ စံချိန်တင်ထားပါပြီ။

ကြီးမားကျယ်ဝန်းတဲ့ 6.74-inch မျက်နှာပြင်မှာ သွက်လက်စေမယ့် 90Hz Refresh Rate ကိုပါထည့်သွင်းပေးထားပြီး ပိုမိုသွက်လက်တဲ့ Octa-core processor နဲ့ တွဲဖက်ပေးထားလို့ MLBB ဂိမ်းတွေကို ချောမွေ့ပြေပြစ်စွာကစားနိုင်စေမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top