Samsung ၏ Love & Care လူမှုအကျိုးပြု အစီအစဉ်က မြန်မာနိုင်ငံ အတွက် အကောင်းဆုံး လူမှုအကျိုးပြုအစီအစဉ်ဆု ဆွတ်ခူးရရှိ

7-12-2022-yyl02.jpg

Samsung Myanmar ၏ Samsung Love & Care လူမှုအကျိုးပြု အစီအစဉ်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကိုရီးယားသံရုံးက ဦးစီးကျင်းပပြုလုပ်ခဲ့သည့် CSR Activities Award Ceremony for Korean Companies in Myanmar အခမ်းအနားတွင် 2022 Best CSR Company Award in Myanmar (၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ အတွက် အကောင်းဆုံး လူမှုအကျိုးပြုအစီအစဉ်) ဆုတံဆိပ်အား လက်ခံရရှိခဲ့သည်။ အဆိုပါ Best CSR Company Award ဆုတံဆိပ်အား Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song မှ လက်ခံရယူခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ နှစ်စဉ်လုပ်ဆောင်လျက်ရှိသော Samsung Love & Care ၏ လူမှုအကျိုးပြု အစီအစဉ်များမှ တစ်ဆင့် နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံရှိ အခွင့်အလမ်း နည်းပါးသော ကျောင်းသားလူငယ်ပေါင်း ၁၀,၀၀၀ ကျော်တို့အား လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးကူညီနိုင်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ ပံ့ပိုးကူညီရာတွင် ငွေကြေး (သို့မဟုတ်) အသုံးအဆောင်ပစ္စည်း ကူညီထောက်ပံ့မှုများအပြင် Samsung ၏ နည်းပညာများနှင့် စွမ်းအင်အရင်းအမြစ်များအား အသုံးပြုကာ အခွင့်အလမ်းနည်းပါးသော လူမှုအသိုင်းအဝန်းများအတွက် ပညာရေးပိုင်းဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်အတွက်လည်း Samsung Love & Care အစီအစဉ်မှတဆင့် ကူညီပံ့ပိုးပေးလျက် ရှိသည်။

၂၀၂၂ ခုနှစ်တွင်လည်း သုံးစွဲသူများကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီနိုင်သည့် “Samsung နှင့်အတူ ဝေမျှကူ” လူမှုအကျိုးပြုအစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ပုသိမ်မြို့နယ်၊ သဲဖြူကျေးရွာရှိ ဧရာရတနာ ကျောင်းတိုက်၊ သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာနှင့် လှိုင်သာယာမြို့နယ်ရှိ အေးမေတ္တာမသန်စွမ်းရိပ်မြုံ တို့တွင် စုစုပေါင်း ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ လှုူဒါန်းမှုများကိုလည်း အောင်မြင်စွာ ထောက်ပံ့ပေးအပ်ခဲ့သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top