“Alice In Borderland” Season 3 စက်တင်ဘာလမှာ ထွက်ရှိမယ်

13.2.2025-yyl-4.jpg

Netflix ရဲ့နာမည်ကြီးဂျပန်သိပ္ပံသည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲ “Alice In Borderland” Season 3 ဟာဆိုရင် အခုနှစ်စက်တင်ဘာလမှာ ထွက်ရှိမှာဖြစ်ပါတယ်။ ထွက်ရှိမယ်ဆိုတာကို နာမူနာဗီဒီယိုကတဆင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကြေညာခဲ့တာပါ။

နာမူနာဗီဒီယိုအရ မင်းသားယာမာဇာကီကန်တိုနဲ့ မင်းသမီး တာအိုဆုချီယာတို့ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ အခုထိတော့ သူတို့နှစ်ဦး ပြန်လည်ပါဝင်လာတယ်ဆိုတာကိုပဲ အတည်ပြုရသေးပါတယ်။ နောက်ထပ် ဘယ်သူတွေ ပြန်ပါလာဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။ မင်းသား ယာမာဇာကီကလည်း Season 3 ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကျ Netflix ကနေ ကမ္ဘာ့တစ်ဝှမ်းပြသမယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

“Alice in Borderland” ဇာတ်လမ်းတွဲဟာ ဂိမ်းသမား အရီဆုနဲ့ သူ့သူငယ်ချင်းတစ်စုတို့ သေစေနိုင်တဲ့ Survival ဂိမ်းတွေကို ကစားရတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Seaon 1 ကို ၂၀၂၀ ခုနှစ်က ပြသခဲ့ပြီး Seaon 2 ကိုတော့ ၂၀၂၂ ခုနှစ်မှာ ပြသခဲ့တာပါ။ Season 1 စတင်ထွက်ရှိကတည်းက ဆုအများအပြားကို ရရှိထားတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

Ref: ‘Alice In Borderland’ season 3 back on Netflix in Sep. 2025

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply