လူဖြူလူမည်းမခွဲခြားဘဲ အကူအညီပေးခဲ့သူ အာဖရိကန်ဝန်ထမ်းရဲ့ စေတနာအကျိုးပေး

14592228-0-image-a-65_1560157006440.jpg

တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့က ဓာတ်ဆီဆိုင်တစ်ခုမှာ ဆီဖြည့်ပေးရတဲ့ အာဖရိကန်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ နစ်ကိုစီကို မာဘယ်လ် (Nkosikho Mbele) ဟာ ဆီဆိုင်မှာ ဓာတ်ဆီလာဖြည့်သူ လူဖြူအမျိုးသမီးလေး မိုနက်ဗန်ဒီဗန်တာ (Monet Van Deventer) ရဲ့အခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးခဲ့ပုံက ဒီလိုပါ။

လူသူပြတ်လပ်တဲ့ မြို့စွန့်မြို့ဖျားနား ရောက်မှ မောင်းလာတဲ့ကားက ဆီပြတ်သွားတဲ့အခါ မိုနက်ဟာ နစ်ကိုစီကို တို့ဆိုင်မှာ ကားဆီဝင်ဖြည့်ရင်း အဲ့ဒီအချိန်မှ သူ့မှာ ဆီဖိုးရှင်းစရာ ပိုက်ဆံကဒ် မေ့ကျန်ရစ်ခဲ့မှန်း သိလိုက်ရပါတော့တယ်။

ဒါကိုသိသွားတဲ့ နစ်ကိုစီကို က သူ့ရဲ့ပိုက်ဆံထဲက ငွေ (၅) ပေါင်စိုက်ထုတ်ပြီး မိုနက်ကို ခရီးဆက်လို့ရအောင် အကူအညီပေးခဲ့တာဖြစ်ပါတယ်။ နစ်ကိုစီကို ရဲ့ အကူအညီက မိုနက်အတွက် အသက်အန္တရာယ်ကိုပါ ကာကွယ်ပေးနိုင်တဲ့အထိ အရေးပါခဲ့တာပါ။

အကြောင်းကတော့ ပြီးခဲ့တဲ့မေလတုန်းက တောင်အာဖရိကရဲ့ယိုဟန်နက်စ်ဘာ့ဂ်မြို့ လမ်းတစ်နေရာမှာ ဆီပြတ်ပြီး ကားပေါ်မှာသောင်တင်နေခဲ့ရတဲ့ လူဖြူစုံတွဲဟာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရဖူးတာကြောင့် အန္တရာယ်များလှတဲ့ အရပ်ဒေသ အခြေအနေတစ်ခုမှာ နစ်ကိုစီကို ရဲ့ စေတနာက မိုနက်လို အသက် (၂၁) နှစ်အရွယ်၊ ငယ်ငယ်ရွယ်ရွယ် လူဖြူအမျိုးသမီးငယ်တစ်ယောက်အတွက် အတော်ကြီးမားတဲ့ လုပ်ရပ်ဖြစ်ခဲ့တာပါ။

မိုနက်ဟာ နေ့ချင်းပဲ နစ်ကိုစီကိုဆီ အရောက်ပြန်သွားခဲ့ပြီး ကားဆီဖိုးပြန်ပေးခဲ့သလို သူ့ကိုကူညီခဲ့တဲ့ Mbele ရဲ့စာနာမှုနဲ့ စေတနာအတွက် ရန်ပုံငွေကောက်ခံမှုတစ်ခု လုပ်ခဲ့ပါတယ်။ လူများစွာရဲ့ ငွေကြေးထည့်ဝင်မှုအဖြစ် ပေါင် (၂၆၆၀၀) အထိ ရရှိခဲ့ပြီး နစ်ကိုစီကိုရဲ့ ရှစ်နှစ်စာလုပ်အားခနဲ့ညီမျှတဲ့ ငွေကြေးနဲ့ ထိုက်ထိုက်တန်တန် ပြန်ပြီးကျေးဇူးဆပ်နိုင်ခဲ့တာဟာ ကြည်နူးဖွယ်ရာအတိဖြစ်ခဲ့ပါတယ်။

“ကျွန်တော်က ဘယ်သူမဆိုလုပ်ကြမယ့် အလုပ်တစ်ခုကိုလုပ်လိုက်တာပါပဲ။ တကယ်စိတ်ရင်းနဲ့ပါ။ ကျွန်တော့်ရင်ထဲမှာ လူဆိုတာအသားအရောင်အဖြူအမည်း မရှိပါဘူး။ ကျွန်တော်တို့က လူသားတွေသာဖြစ်တယ်။ လူသားအချင်းချင်း ကူညီရိုင်းပင်းရမှာပါပဲ ” လို့ နစ်ကိုစီကိုက သူရဲ့ဝမ်းသာပီတိခံစားမှုကို ရင်ဖွင့်သွားခဲ့ပါတယ်။

Ref: Dailymail ” Black gas pump attendant who paid for white woman’s fuel in dangerous South African…..”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top