၃၉၉ ပေါင် အလေးချိန်ရှိတဲ့ ရွှေဖရုံသီးပေါ်မှာ တေလာဆွစ်ဖ်ပုံရေးဆွဲခဲ့တဲ့ ပန်းချီပညာရှင်

27.10.23-yyl-2.jpg

လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း ဂျင်းနက် ပါရက်စ်ဆိုသူ ပန်းချီပညာရှင်က ရွှေဖရုံသီးကြီးတွေပေါ်မှာ နာမည်ကြီးပုဂ္ဂိုလ်ပုံတွေ ရေးဆွဲလာခဲ့တာပါ။ အခုနှစ်မှာတော့ သူဟာ ၃၉၉ ပေါင် အလေးချိန်ရှိတဲ့ ရွှေဖရုံသီးကြီးပေါ်မှာ တေလာဆွစ်ဖ်ပုံကို ရေးဆွဲခဲ့ပါတယ်။

ဧရာမရွှေဖရုံသီးကြီးမှာ တေလာဆွစ်ဖ်ရဲ့မျက်နှာရေးဆွဲထားတာကို ပုံမှာ မြင်တွေ့ရမှာပါ။ ဒီရွှေဖရုံသီးကြီးကို ဟောလိုဝင်းရာသီတစ်လျှောက်လုံး သူ့အိမ်ရှေ့မှာ ထားရှိသွားမှာပါ။ တေလာဆွစ်ဖ်ရဲ့ဆံပင်နဲ့တုဖို့ ရွှေဖရုံသီးမှာ ဆံပင်တုတပ်ပေးထားသလို နားရွက်တွေအဖြစ် ကန်စွန်းဥကြီးတွေကို အသုံးပြုထားပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ Grammy Awards ပွဲက တေလာဆွစ်ဖ်ရဲ့ပုံကို ရေးဆွဲခဲ့တာပါ။ တေလာပုံပါ ရွှေဖရုံသီးဘေးမှာ NFL ရဲ့ Kansas City Chiefs ကစားသမား ထရာဗစ် ကယ်လ်ဆီရဲ့ ကျောနံပါတ် ၈၇ ပါတဲ့ အနီရောင်ရေပုံးနဲ့ ဘောလုံးပုံရေးဆွဲထားတဲ့ ရွှေဖရုံသီးတစ်လုံးလည်း ထားရှိထားပါတယ်။

အခုလိုဖန်တီးမှုကို ၁၀ နာရီကြာ အချိန်ယူခဲ့ရပါတယ်။ ရင်သားကင်ဆာနှစ်ကြိမ်ကျော်လွှားခဲ့ရတဲ့ ဂျင်းနက်က ကင်ဆာရောဂါတိုက်ဖျက်ဖို့အတွက် ရန်ပုံငွေရှာဖို့ ရွှေဖရုံသီးတွေကို နှစ်တိုင်း ဆေးခြယ်ခဲ့တာပါ။ အခုနှစ်မှာတော့ သူဟာ ရင်သားကင်ဆာသုတေသနအတွက် ရန်ပုံငွေရှာနေတဲ့ Stefanie Spielman Fund နဲ့ ပူးပေါင်းခဲ့တာပါ။

Ref: Ohio Artist Paints 399 Lb. Pumpkin with Taylor Swift’s Face — and Gives a Nod to Travis Kelce

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top