မီးလောင်နေတဲ့ အိမ်ကနေ ခွေးလေး (၃) ကောင်ရဲ့အသက်ကို ကယ်တင်ခဲ့လို့ ဟီးရိုးအဖြစ် ချီးကျူးခံခဲ့ရတဲ့ ပစ္စည်းပို့သမား

6-.-9-2022-yyl-07.jpg

Columbia County Fire Rescue (CCFR) ရဲ့fb မှာတင်ခဲ့တဲ့ပုံ

ရုပ်ရှင်ထဲက မဟုတ်ဘဲ အပြင်မှာလည်း တကယ့်ဟီးရိုးတွေရှိတယ်ဆိုတာ သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကတော့ အများကြီးပါပဲ။ မကြာသေးခင်ကလည်း မီးလောင်နေတဲ့ အိမ်က ခွေးလေး (၃) ကောင်ကို ဟီးရိုးဆန်ဆန် ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ခွေးလေး (၃) ကောင်ကို ကယ်တင်ခဲ့တဲ့သူက Amazon ပစ္စည်းပို့တဲ့အမျိုးသမီးပါပဲ။ အခုလိုလုပ်ရပ်ကြောင့် သူ့ကို ဟီးရိုးအဖြစ် ချီးကျူးခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်က ဩဂုတ်လ ၃၀ ရက်နေ့ကပါ။ ပစ္စည်းပို့တဲ့အမျိုးသမီးက ဖလော်ရီဒါမြောက်ပိုင်းကို ပစ္စည်းပို့လာရင်း အနီးနားက အိမ်တစ်အိမ်ကနေ မီးခိုးငွေ့တွေ ထွက်နေတာကို သတိပြုမိခဲ့တာပါ။ အဲဒီအိမ်မီးလောင်နေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

အဲဒီအချိန်မှာ မီးလောင်နေတဲ့အိမ်အတွင်း ဘယ်သူမှမရှိပေမဲ့ ဘော်စတွန်တယ်ရီယာခွေးအမျိုးအစား (၃) ကောင် ရှိနေခဲ့ပါတယ်။ အဲဒီခွေးလေး (၃) ကောင်ရဲ့အသက်ကို ပစ္စည်းပို့တဲ့အမျိုးသမီးက ကယ်တင်ပေးခဲ့တယ်လို့ Columbia County Fire Rescue (CCFR) ရဲ့ပို့စ်အရ သိရပါတယ်။ အသေးစိတ်ကိုတော့ ပြောမထားပါဘူး။ “မီးခိုးငွေ့ကို သတိပြုမိပြီး ၉၁၁ ကို ဖုန်းဆက်ပေးခဲ့တဲ့ Amazon ပစ္စည်းပို့သမားကို ကျေးဇူးတင်ပါတယ်။ အိမ်ရှင်တွေ အိမ်မှာ မရှိတဲ့အချိန် သူက အိမ်နဲ့ ခွေးလေးတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့တယ်”လို့ CCFR က ဆိုပါတယ်။ မီးခိုးငွေ့ရှုမိခဲ့တဲ့ ခွေးလေးတွေကို အသက်ရှုဝအောင်လည်း လုပ်ပေးခဲ့ရပါတယ်။

ပစ္စည်းပို့တဲ့အမျိုးသမီးက အိန်ဂျယ်လိုင်း စတာကီးဖြစ်တယ်ဆိုတာကို CCFR ပို့စ်ရဲ့ကွန်မန့်တွေကနေတဆင့် သိခဲ့ရပါတယ်။ ခွေးလေးတွေရဲ့ပိုင်ရှင် လောရန် ဆူတန်ကလည်း ကွန်မန့်ရေးသားပြီး ပစ္စည်းပို့သမားနဲ့ တခြားကူညီပေးခဲ့သူတွေကို ကျေးဇူးတင်ခဲ့ပါတယ်။ ခွေးလေးတွေရဲ့အခြေအနေကိုလည်း ပြောပြပေးခဲ့ပါတယ်။ ခွေးလေးတွေ ဆေးရုံမှာ ရှိနေသေးပေမဲ့ ကျန်းမာရေးကောင်းမွန်နေပါတယ်လို့ သူက ဆိုပါတယ်။

Ref: Amazon Delivery Agent Hailed As Hero For Rescuing 3 Puppies From Burning House

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top