တစ်လအကြာမှ ထီလက်မှတ်ကို စစ်ကြည့်ပြီး မီလျံနာဖြစ်သွားမှန်း သိခဲ့ရသူ

18-8-2020-yyl-002.jpg

စာဖတ်ပရိသတ်တွေရော ထီထိုးထားရင် ထီထွက်တဲ့နေ့မှာ ထီတိုက်ဖြစ်တယ်မလား။ တိုက်ဖို့မေ့နေတယ်ဆိုရင် တိုက်ကြည့်ကြဦး။ တော်ကြာ ထီဆုကြီးပေါက်နေဦးမယ်။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးကတော့ တစ်လအကြာမှ ဒေါ်လာာ (၁) သန်းပေါက်မှန်းသိခဲ့ရတာပါ။ သူဟာ ထီတိုက်ရမှာ အာရုံမရတဲ့အတွက် တစ်လအကြာမှသူ သူဋ္ဌေးဖြစ်နေတယ်ဆိုတာ သိရှိသွားခဲ့ရပါတယ်။

အဲဒီအမျိုးသားက ဒေါ်လာ ၁၀၅၃၉၀၅.၇၈ တန် ထီဆုကြီးပေါက်ခဲ့တာပါ။ သူ့ရဲ့ထီလက်မှတ်က Tatts Lotto မှာ စာရင်းမသွင်းရသေးတဲ့အတွက် သူ့ကို ထီဆိုင်က ဖုန်းဆက်အကြောင်းကြားလို့ မရခဲ့တာပါ။ ဒါကြောင့် သူကိုယ်တိုင် လာရောက်ဆက်သွယ်လာမှာကို စောင့်ဆိုင်း နေခဲ့ရပါတယ်။ အဲဒီအမျိုးသားက သူ နောက်ထပ်ထီတစ်စောင် သွားဝယ်သည့်တိုင်အောင် သူ့ရဲ့ထီလက်မှတ်ကို မေ့ခဲ့ပါတယ်။ သူ ထီတိုက်ဖို့ သတိရတဲ့အချိန်မှာ ဆုကြီးပေါက်မှန်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

“အရမ်းအရမ်းကျေးဇူးတင်ပါတယ်။ မီလျံနာတစ်ယောက်ဖြစ်လာသလို တကယ်ခံစား ခဲ့ရပါတယ်။ အဲဒါတော့ပြောနိုင်ပါတယ်။ အရင်တုန်းက အဲဒီလိုမကြုံခဲ့ဖူးဘူး။ နောက်ထပ်ထီတစ်စောင် သွားဝယ်တဲ့အထိ ပေါက်မဲထီလက်မှတ်ရှိခဲ့တာ မေ့နေခဲ့တယ်။ ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အဲဒီထီလက်မှတ်ကို တွေ့ခဲ့ရတယ်။ တိုက်ကြည့် ရကောင်းမယ်လို့ တွေးခဲ့တာပါ။ ထီတိုက်ကြည့်တော့ အသံထွက်လာတဲ့အခါမှာ ဒေါ်လာ ၂၀ လောက်ပဲ ပေါက်မယ်လို့ တွေးခဲ့ပါတယ်”လို့ Tatts Lotto ကို သူက ပြောပါတယ်။

အဲဒီအမျိုးသားက ထီပေါက်တဲ့ပိုက်ဆံတွေနဲ့ အိမ်အသစ်တစ်လုံးဝယ်ဖို့ မျှော်လင့်ထားပြီး သြစတြေးလျနိုင်ငံမှာ Lockdown စည်းမျဉ်းချထားတဲ့အချိန်မှာ အွန်လိုင်းစီးပွားရေး လုပ်ကြည့်မယ်လို့ သိရပါတယ်။

Ref: Ladbible “Man Discovers He’s A Millionaire After Being ‘Too Distracted’ To Check His Ticket”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top