အထူးခြားဆုံး အမြွှာ ညီအစ်မကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့

erin-abby-delaney2-1.jpg

ခန္ဓာကိုယ် အစိတ်အပိုင်းချင်း ဆက်နေတဲ့ အမြွှာတွေထဲမှာ ဖြစ်နိုင်ခြေ အနည်းဆုံးနဲ့ အထူးခြားဆုံး အမြွှာ ညီအစ်မ နှစ်ဦးကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့ပါတယ်။

အာရင်နဲ့ အက်ဘီလို့ အမည်ရတဲ့ အမြွှာ ညီအစ်မ နှစ်ဦးဟာ ဦးခေါင်းထိပ်ပိုင်းချင်း ထိစပ်ပြီး မွေားဖွားလာခဲ့တာဖြစ်ပါတယ်။ ၁၀ လအရွယ်ရှိတဲ့ သူတို့ညီအစ်မ နှစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ပင်ဆယ်ဗေးနီးယားပြည်နယ် ကလေးဆေးရုံမှာ ခွဲစိတ်ခဲ့တာပါဖြစ်ပြီး သူတို့ကို အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ရှောက်ထားတယ်လို့ အင်ဒီပင်းဒန့် သတင်းဌာနက ဖော်ပြပါတယ်။

ဆရာဝန်နဲ့ သူနာပြု ၃၀ ပါဝင်တဲ့ အဖွဲ့က ၁၁ နာရီကြာ ခွဲစိတ်မှု လုပ်ခဲ့ရမှာ သူတို့နှစ်ယောက် မျှဝေ အသုံးပြုနေတဲ့ သွေးကြောတွေနဲ့ ဦးနှောက် အမြှေးပါးကို ဂရုတစိုက် ခွဲထုတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ခွဲစိတ်အဖွဲ့ဟာ နှစ်ဖွဲ့ခွဲပြီး တစ်ဦးချင်းစီရဲ့ ဦးခေါင်းကို ပြုပြင်မှုတွေ လုပ်ပေးခဲ့ပါတယ်။

သူတို့ရဲ့မိခင် ဟီသာဟာ ကိုယ်ဝန်ဆောင်ချိန် ၁၁ ပတ်အကြာမှာ ခန္ဓာကိုယ်ချင်းဆက် အမြွှာ မွေးဖွားမယ်လို့ သိခဲ့တဲ့နောက် ကိုယ်ဝန်ဆောင် အထူးကုနဲ့ ပြသခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ဗိုက်ခွဲမွေးခဲ့တာဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ် ကလေးဆေးရုံက ခွဲစိတ်ဆရာဝန်တွေကတော့ နှစ် ၆၀ ကာလအတွင်း အမြွှာ ၂၃ တွဲကို ခွဲစိတ်မှု လုပ်ပေးခဲ့ရာမှာ ဦးနှောက်ထိပ်ပိုင်းချင်း ထိစပ်နေတဲ့ အမြွှာကို ခွဲစိတ်ရတာ ပထမဆုံးအကြိမ်ပဲလို့ ဆိုပါတယ်။ craniopagus လို့ခေါ်တဲ့ ဦးခေါင်းထိပ်ပိုင်းချင်း ထိစပ်နေတဲ့ အမြွှာ သန္ဓေတည်မှုဟာ အမြွှာတွေထဲမှာ ဖြစ်နိုင်ခြေ အနည်းဆုံးလို့ သိရပါတယ်။

Ref : Independent;Twin girls conjoined at the head successfully separated by 30-strong surgical team

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top