ဖခင်ပေါလ်ဝေါကာ မရှိတော့ပေမဲ့ Fast & Furious သရုပ်ဆောင်တွေနဲ့ မိသားစုသဖွယ်တွေ့ဆုံဖြစ်တဲ့ မဲဒိုဝေါကာ

6-.-9-2022-yyl-02.jpg

ဖခင်ပေါလ်ဝေါကာ မရှိတော့ပေမဲ့ Fast & Furious သရုပ်ဆောင်တွေနဲ့ မိသားစုသဖွယ်တွေ့ဆုံဖြစ်တဲ့ မဲဒိုဝေါကာ

Fast & Furious ဇာတ်ကားတွေအကြောင်းပြောလိုက်တာနဲ့ ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ မင်းသား ပေါလ်ဝေါကာကို သတိရမိကြမှာပါ။ ပေါလ်ဝေါကာ မရှိတော့ပေမဲ့ Fast & Furious သရုပ်ဆောင်တွေက သူ့ရဲ့သမီး မဲဒိုဝေါကာနဲ့ တွေ့ဖြစ်ကြပါတယ်။ မကြာသေးခင်ကလည်း Fast & Furious သရုပ်ဆောင် ဂျော်ဒါနာ ဘရူစတာရဲ့မင်္ဂလာပွဲမှာ မဲဒိုဝေါကာနဲ့ Fast & Furious မိသားစုတွေ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။

သရုပ်ဆောင် ဂျော်ဒါနာ ဘရူစတာရဲ့မင်္ဂလာပွဲမှာ

အသက် ၂၃ နှစ်အရွယ် မဲဒိုက မင်္ဂလာပွဲမှာ မင်းသား ဗင်ဒီဇယ်၊ လူဒါခရစ်တို့နဲ့အတူ ရိုက်ခဲ့တဲ့ ဓာတ်ပုံကို မျှဝေပေးခဲ့ပါတယ်။ “မိသားစု” ဆိုတဲ့ စာသားကိုလည်း ရေးထားပါတယ်။ လူဒါခရစ်ကလည်း သူတို့ (၃) ယောက်ပုံကိုပဲ “ကျွန်တော့်အစ်ကို ပေါလ်ဝေါကာက ကောင်းကင်ဘုံကနေ ပြုံးနေပါပြီ။ သူ့အတွက် သူ့သမီးလေးက အရာအားလုံးပါပဲ။ အမွေအနှစ်က ရှင်သန်နေပါတယ်”ဆိုတဲ့စာသားနဲ့ တင်ခဲ့ပါတယ်။

မဲဒို မင်္ဂလာဆောင်စဉ် ဖခင်နေရာက နေပေးခဲ့တဲ့ ဗင်ဒီဇယ်

မဲဒိုက သူ့အဖေရဲ့ Fast & Furious တွဲဖက်သရုပ်ဆောင်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သူ မင်္ဂလာဆောင်တဲ့အချိန် ဗင်ဒီဇယ်က ဖခင်နေရာမှာ နေပေးခဲ့ပြီး သူ့ကို မင်္ဂလာအခမ်းအနားဆီ ခေါ်ဆောင်လာပေးခဲ့ပါတယ်။ မဲဒိုက ဗင်ဒီဇယ်ရဲ့မွေးစားသမီးလိုပါပဲ။

နောက်နှစ်မှာ သူ့အဖေ Hollywood Walk of Fame မှာ ကြယ်ပွင့်ရတော့မယ့်အကြောင်းပြောခဲ့တဲ့အချိန် တင်ခဲ့တဲ့ သူ့အဖေရဲ့ဓာတ်ပုံ

ဗင်ဒီဇယ်က သူနဲ့ သူ့ရဲ့မိသားစုကို မဲဒိုက အရမ်းဂရုစိုက်ပေးတဲ့အကြောင်းကို “မဲဒိုက ကျွန်တော့်ကို အရမ်းဂရုစိုက်ပေးတာပါ။ အဖေများနေ့ရောက်ရင် “Happy Father’s Day” လို့ အရင်ဆုံး ဆုတောင်းစကားဆိုလာတဲ့သူပါပဲ”လို့ ပြောခဲ့ဖူးပါတယ်။

မဲဒိုက သူ့အဖေ ပေါလ်ဝေါကာရဲ့ဓာတ်ပုံတွေနဲ့ သူ့အဖေနဲ့ပတ်သက်တဲ့သတင်းတွေကိုလည်း အင်စတာဂရမ်မှာ တင်ပေးလေ့ရှိပါတယ်။ ၂၀၂၃ ခုနှစ်ကျရင် သူ့အဖေဟာ Hollywood Walk of Fame မှာ ကြယ်ပွင့်လက်ခံရရှိတော့မယ်ဆိုတာကို ဇွန်လက ပြောပြခဲ့ပါသေးတယ်။

Ref: GMA “Meadow Walker posts photo with Vin Diesel and Ludacris at Jordana Brewster’s wedding: ‘Family”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top