ရေအောက်မှာ လျှို့ဝှက်ဆန်းကြယ်စွာ တည်ရှိနေတဲ့ ရှေးဟောင်းမြို့တော်

7.12.23-yyl-10.jpg

ဒီရှေးဟောင်းမြို့တော်က ဘယ်လောက်သက်တမ်းရှိလဲဆိုတာ အတိအကျမသိရပေမဲ့ ဒီနေရာရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်ဖို့ ကျွမ်းကျင်ပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ ဒီမြို့တော်တစ်ခုလုံးက ရေအောက်မှာရှိနေခဲ့တာ ဆယ်စုနှစ်များစွာရှိပါပြီ။

ရှီချန် (သို့) ခြင်္သေ့မြို့လို့ သိရတဲ့ ဒီရှေးဟောင်းမြို့တော်က နှစ်ပေါင်း ၆၀၀ နဲ့ နှစ်ထောင်နီးပါးကြာ ရှိတယ်လို့ ခန့်မှန်းကြပေမဲ့ အကုန်လုံးသိထားကြတာက ဒီမြို့က အတော်လေးရှေးကျနေပြီး ရေအောက်မှာရှိနေတယ်ဆိုတာပါပဲ။ ဘာလို့ ရေအောက်ရောက်နေလဲဆိုရင် ၁၉၅၉ ခုနှစ်ကို နောက်ကြောင်းပြန်ရပါလိမ့်မယ်။ တရုတ်အစိုးရက အဲဒီဧရိယာမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံလည်ပတ်ဖို့ ရေအမြောက်အမြားလိုအပ်တာကြောင့် လူပေါင်း ၃၀၀၀၀၀ ခန့်ကို နေရာရွှေ့ပြောင်းခိုင်းခဲ့ကာ မြို့က ရေလွှမ်းပြီး Qiandao Lake ဖြစ်သွားခဲ့ပါတယ်။

ရှေးဟောင်းမြို့က နှစ် ၆၀ ကျော်ကြာ ရေမျက်နှာပြင်အောက် ပေ ၁၀၀ ကျော်နစ်မြုပ်နေခဲ့တာပါ။ ဒီမြို့ကို ၂၀၀၁ ခုနှစ်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာ ခရီးသွားတွေလာရောက်ကြည့်ရှုလို့ရအောင် ဖွင့်ပေးခဲ့ပါတယ်။ အတွေ့အကြုံရှိရေငုပ်သမားတွေကိုသာ လာရောက်လည်ပတ်စေခဲ့ပါတယ်။ လက်ရှိအထိ နဂါး၊ ဖီးနစ်ငှက်၊ ခြင်္သေ့ရုပ်ထုတ်တွေနဲ့ ထွင်းထုပုံဖော်အလှဆင်ထားတဲ့ ရှေးဟောင်းမြို့မှာ စုစုပေါင်း မုခ်ခုံး ၂၆၅ ခုတွေ့ရှိထားပါတယ်။

Ref: Ancient city discovered underwater remains shrouded in mystery

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top