စစ်တုရင်ပြိုင်ပွဲမှာ ဂရန်းမာစတာကို အနိုင်ရတဲ့ အသက်အငယ်ဆုံးစစ်တုရင်သမား

21.2.24-yyl-1.jpg

အသက် ၈ နှစ်၊ ၆ လ၊ ၁၁ ရက်အရွယ်ပဲ ရှိသေးတဲ့ ကလေးငယ်တစ်ယောက်ဟာ စစ်တုရင်ပြိုင်ပွဲမှာ ဂရန်းမာစတာကို အနိုင်ရတဲ့ အသက်အငယ်ဆုံး စစ်တုရင်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ဘာ့ဂ်ဒေါ်ဖာစတက်သက်အိုးပင်းပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ ကလေးငယ် ကူရှစ်က ပိုလန်နိုင်ငံသား ဂရန်းမာစတာ စတိုပါကို အနိုင်ရခဲ့တာပါ။

ယခင်စံချိန်ဟောင်းကတော့ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ စစ်တုရင်ပြိုင်ပွဲမှာ အသက် ၉ နှစ်နီးပါးရှိတဲ့ ဆားဘီးယားကလေးငယ် အီဗန်နိုဗစ်က ဂရန်းမာစတာတစ်ဦးကို အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာ ကူရှစ်က အဲဒီစံချိန်ကို ၅ လအကွာနဲ့ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကူရှစ်ကို ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စင်ကာပူနိုင်ငံမှာ နေထိုင်လျက်ရှိပါတယ်။ သူဟာ ကမ္ဘာတစ်ဝန်းက လူငယ်စစ်တုရင်ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး ၂၀၂၂ ခုနှစ် အသက် ၈ နှစ်အောက် ကမ္ဘာ့အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့သူပါ။

Ref: 8-year-old prodigy Ashwath Kaushik makes history after beating chess grandmaster

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top