ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ထောက်ပံ့ပေးဖို့ တောင်းဆို လစာထုတ်ဖို့အတွက် ဒီနေ့ကစပြီး စက်ရုံ၊ အလုပ်ရုံသို့ သွားလာခွင့်ပြု

8-10-2020-yyl-021.jpg

ရန်ကုန် အောက်တိုဘာ ၈

အစိုးရကနေ အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးသလိုမျိုး Stay at Home မှာ အခက်အခဲဖြစ်နေကြတဲ့ စက်မှုဇုန်တွေက ရွှေ့ပြောင်းအလုပ်သမားတွေအတွက်လည်း ထောက်ပံ့ပေးစေလိုတယ်လို့ အလုပ်သမားရေးလှုပ်ရှား သူများက တောင်းဆိုနေကြပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေအနေနဲ့ အဆောင်ကြေးမပေးနိုင်ကြသေးလို့ အဆောင်ပေါ်က နှင်ချခံရတဲ့ အခြေအနေမျိုးတွေအထိ ကြုံတွေ့နေရတယ်လို့ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ယာယီ)တာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်က ရိုးရာလေးကို ပြောပါတယ်။

အခုဆိုရင်တော့ Stay at Home ကာလမှာ ခွင့်ပြုမထားတဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေကို ဒီနေ့ကနေစပြီး စက်ရုံ၊ အလုပ်ရုံတွေကိုသွားပြီး စက်တင်ဘာလ လုပ်ခလစာထုတ်ယူခွင့်ပြုလိုက်တဲ့အတွက် ဒီအခက်အခဲတွေဟာ အနည်းငယ်လျော့ကျသွားတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ခစား(CMP) စက်ရုံ၊ အလုပ်ရုံမှာ တာဝန်ထမ်းဆောင်တဲ့သူတွေကို စက်တင်ဘာ ၂၄ ရက်ကနေ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့် မပြုဖို့ သတ်မှတ်ချက်ကို အောက်တိုဘာ ၈ ရက်ကနေ ၂၁ ရက်အထိ သက်တမ်းထပ်တိုးထားပါတယ်။

ဒီ Stay at Home ကာလမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေရေး၊ စားရေး အဆင်ပြေစေဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာ အပြည့်အဝပေးဖို့အရေးကို အစိုးရထံ တောင်းဆိုတဲ့ လှုပ်ရှားမှုလေးတစ်ခုလုပ်သွားဖို့ရှိတယ်လို့ ဒေါ်မိုးစန္ဒာမြင့်က ဆိုပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top