ဆိုးထားတဲ့လက်သည်းနီကို မြန်မြန်ခြောက်သွားအောင် ဘယ်လိုလုပ်မလဲ

8-10-2020-yyl-022.jpg

မိန်းကလေးတော်တော်များများက လက်သည်းနီဆိုးရတာ ကြိုက်ကြပါတယ်။ ဒါပေမဲ့ လက်သည်းနီခြောက်သွားအောင် အချိန်ကြာကြာစောင့်ရတာကိုတော့ မကြိုက်ကြပါဘူး။ လက်သည်းပုံဖော်တဲ့ဆိုင်တွေကတော့ လက်သည်းအခြောက်ခံစက်ကို အသုံးပြုကြပါတယ်။ ဆိုင်ဖွင့်ထားတဲ့သူတွေအတွက် လက်သည်းအခြောက်ခံစက်ဝယ်ထားတာ အဆင်ပြေပေမဲ့ တချို့လူတွေအတွက်ကတော့ ဈေးကြီးပေးပြီး အိမ်မှာ ဝယ်ထားဖို့ကျ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် လက်သည်းနီကို မြန်မြန်ခြောက်သွားစေနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေကြရပါတယ်။ လက်သည်းနီ မြန်မြန်မခြောက်ရင် တစ်ခုခုနဲ့ထိမိပြီး ပျက်သွားရင် လက်ကို ကြည့်ရဆိုးစေပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် လက်သည်းမြန်မြန်ခြောက်စေမယ့်နည်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

သင့်လက်သည်းတွေကို ရေခဲထဲနစ်လိုက်ပါ

တချို့လူတွေကတော့ ဒီနည်းကို သိချင်သိကြမှာပါ။ သင့်လက်သည်းနီဆိုထားတဲ့ လက်သည်းတွေကို ရေခဲရေ (သို့) ရေခဲထဲကို နစ်လိုက်တဲ့အခါ သင့်လက်သည်းတွေကို မြန်မြန်ခြောက်သွားအောင် ကူညီပေးပါတယ်။ သင့်လက်သည်းတွေကို ရေထဲကို နစ်တဲ့အခါ အနည်းဆုံး ၁ မိနစ်လောက်ပါပဲ။

Dryer နဲ့မှုတ်ပေးပါ

လက်သည်းအခြောက်ခံစက်ကို ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် စီးပွားရေးလုပ်မှာမဟုတ်ရင် အဲဒါမလိုအပ်ပါဘူး။ Hair Dryer အကူအညီနဲ့ လက်သည်းနီကို ခြောက်သွားအောင် လုပ်လို့ရပါတယ်။ Dryer က လေကလည်း လက်သည်းနီ မြန်မြန်ခြောက်အောင် လုပ်ပေးပါတယ်။ Hair Dryer တော့ အိမ်မှာ အဆင်သင့်ရှိကြပါတယ်နော်။

အဆီလိမ်းပေးပါ

ကလေးလိမ်းအဆီနဲ့ Cooking Spray ကလည်း လက်သည်းနီခြောက်အောင် ကူညီပေးနိုင်ပါတယ်။ လက်သည်းနီပေါ်မှာ ကလေးလိမ်းအဆီကို လိမ်းလိုက်တဲ့အခါ အဆီက လက်သည်းနီထဲစိမ့်ဝင်သွားပြီး မြန်မြန်ခြောက်သွားအောင် ကူညီပေးနိုင်ပါတယ်။ Cooking Spray အသုံးပြုမယ်ဆိုရင် လက်ကို အဝေးမှာထားပြီး ဖြန်းပေးပါ။ ပြီးရင် ရေခဲရေနဲ့ လက်ချောင်းတွေကို သန့်စင်ပေးလိုက်ပါ။

Hairspray ကို အသုံးပြုပါ

ဆံပင်ကို ဖြန်းဖြန်းနေတဲ့ပစ္စည်းကလည်း လက်သည်းနီကို မြန်မြန်ခြောက်အောင်ကူညီပေးနိုင်ပါတယ်။ Hairspray ကို လက်သည်းနားကပ်ပြီး ဖြန်းမယ်ဆိုရင် လက်သည်းနီတွေကို ပျက်သွားစေနိုင်တဲ့အတွက် ၃၀ စင်တီမီတာလောက်ကနေ ဖြန်းပေးသင့်ပါတယ်။

Essential Oils(မရှိမဖြစ်ဆီ) ကို အသုံးပြုပါ

လက်သည်းနီ မြန်မြန်ခြောက်ဖို့ဆိုရင် မရှိမဖြစ်ဆီတွေကလည်း အကူအညီပေးနိုင်ပါတယ်။ သင် ကြိုက်နှစ်သက်ရာ အဆီတစ်မျိုးမျိုးကို ပန်းကန်လုံးထဲ ထည့်လိုက်ပြီး စက္ကန့် ၆၀ လောက် လက်သည်းတွေကို နစ်ထားလိုက်ပါ။ ဒီနည်းက သင့်လက်သည်းနီတွေကို မြန်မြန်ခြောက်သွားစေနိုင်စွမ်းရှိပါတယ်။

Ref: DIY ways to dry your nail polish INSTANTLY!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top