OPPO နှင့် Kyaw Kyaw Winn (X-Photographer) တို့ ပူးပေါင်း၍ ဓာတ်ပုံပညာ ဝါသနာပါသူများအတွက် အခမဲ့ Mobile Photography သင်တန်း ပြုလုပ်ခဲ့

20.4.2023-yyl-iamge-၁၀.jpg

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သော OPPO မှ ဓာတ်ပုံပညာကို စိတ်ဝင်စား၊ ဝါသနာပါသူများအနေဖြင့် Mobile Photography ကို အခမဲ့ စနစ်တကျ လေ့လာသင်ယူနိုင်မည့် သင်တန်းကို Professional Photographer Kyaw Kyaw Winn (X-Photographer) နှင့်အတူ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ပူးပေါင်းပြုလုပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ဦးရေ ၂၀ တက်ရောက်သင်ကြားခဲ့ကြပြီး OPPO Reno8 T ဖြင့် စိတ်ဝင်စားဖွယ်ရာ ဓာတ်ပုံပညာရပ်များကို စာတွေ့နှင့် လက်တွေ့ လေ့လာသင်ယူရင်း ဓာတ်ပုံပြိုင်ပွဲ ကျင်းပခဲ့ကြပြီး ဆုများ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို အနယ်နယ်အရပ်ရပ်မှ ဓာတ်ပုံပညာရပ်များကို စိတ်ဝင်စားသူ အများအပြားက တက်ရောက်သင်ကြားရန် စာရင်းပေးသွင်းခဲ့ကြပြီး ယင်း လျှောက်ထားခဲ့ကြသူများကို OPPO နှင့် Professional Photographer Kyaw Kyaw Winn (X-Photographer) တို့က အင်တာဗျူးဖြင့် Finalist အယောက် ၂၀ ရွေးချယ်ကာ ပညာဒါနအခမဲ့ သင်ကြားပြသပေးခဲ့သည်။ သင်တန်းကာလတစ်လျှောက်တွင် ဓာတ်ပုံပညာရပ်ကို အခြေခံမှစ၍ ဖုန်းနှင့် ဓာတ်ပုံကောင်းများ စနစ်တကျ ရိုက်နိုင်ရန် လိုအပ်သည့် သင်ကြားမှုများကို 100 MP Portrait Camera ပါဝင်သည့် OPPO Reno8 T ကို အသုံးပြုကာ စာတွေ့အပြင် လက်တွေ့ကွင်းဆင်း ရိုက်ကူးမှုများကိုလည်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းနောက်ဆုံးအစီအစဥ်အနေဖြင့်OPPO ၏ Brand Ambassador ဖြစ်သူ သရုပ်‌ဆောင် ခင်ဝင့်ဝါက သင်တန်းသားများ Portrait ဓာတ်ပုံ ရိုက်ကူးမှုကို အထောက်အကူဖြစ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် သင်တန်းသားများကိုယ်တိုင် OPPO Reno8 T ဖြင့် ရိုက်ကူးထားသော သရုပ်‌ဆောင် ခင်ဝင့်ဝါ၏ Portrait ဓာတ်ပုံများကို ပြိုင်ပွဲခေါင်းစဉ်များဖြင့် ကျင်းပပေးခဲ့ကာ အနိုင်ရရှိသူများကို ရွေးချယ်ထုတ်ပြန်ခဲ့ပြီး OPPO မှ ဆုလက်ဆောင်များလည်း ပေးအပ်ခဲ့သည်။

ဓာတ်ပုံဆုအနေဖြင့် Professional Photographer Kyaw Kyaw Winn (X-Photographer) ကိုယ်တိုင် ရွေးချယ်ပေးအပ်မည့်ဆုနှင့် Popular Choice ဆု ဟူ၍ ဆုများ ပေးအပ်ခဲ့သည်။ ဆုလက်ဆောင်အနေဖြင့် Professional Photographer Kyaw Kyaw Winn (X-Photographer) ရွေးချယ်ထားသော ဓာတ်ပုံဆုကို မဝေမာအောင်ခင်က ရရှိသွားပြီး OPPO Reno8 T နှင့် ငွေသား ၃ သိန်းကျပ်ကို ပေးအပ်ခဲ့ကာ Popular Choice ‌အဖြစ် ရွေးချယ်ခံရသူ ကိုကောင်းခန့်သော် က ရရှိသွားပြီး OPPO Enco Buds2 နှင့် ‌ငွေသား ၂ သိန်းကျပ် အသီးသီး ပေးအပ်ခဲ့သည်။

OPPO နှင့် Kyaw Kyaw Winn (X-Photographer) တို့ ပူးပေါင်း၍ ဓာတ်ပုံပညာ ဝါသနာပါသူများအတွက် အခမဲ့ ပြုလုပ်ပေးခဲ့သော ယခု Mobile Photography သင်တန်းတွင် OPPO Reno8 T ဖြင့် ရိုက်ကူးထားသော ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲဝင်ဓာတ်ပုံများကို https://bit.ly/43eKEMX တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top