ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန် ရိုက်တဲ့ ဇာတ်ကားတွေဆို ရုံတင်ငွေ ၁ ဘီလျံရရှိတယ်ဆိုတာကို ငြင်းလို့ရမယ်မထင်ပါဘူး။ အခုလည်းပဲ ရုံတင်ပြသနေတဲ့ တတိယမြောက် Avatar ဇာတ်ကား Avatar: Fire and Ash က ရုံတင်ပြီး ၁၈ ရက်အတွင်း Box Office မှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံ ရရှိထားပါတယ်။ ဒေါ်လာ ၁ ဘီလျံကို အမြန်ဆုံးရရှိတဲ့ ဇာတ်ကားတွေထဲက တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။
နိုင်ငံတကာဈေးကွက် အထူးသဖြင့် တရုတ်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ လွှမ်းမိုးထားနိုင်မှုကြောင့် ဒီဇာတ်ကားရဲ့ရုံတင်ငွေက အရှိန်အဟုန်နဲ့ မြင့်တက်လာခဲ့တာပါ။ နိုင်ငံအတွင်းမှာလည်း ၃ ပတ်ဆက်တိုက် နံပါတ် ၁ နေရာမှာ ရပ်တည်နေပါတယ်။
ဒီအောင်မြင်မှုနဲ့အတူ ဒါရိုက်တာ ဂျိမ်းစ် ကင်မရွန်ကလည်း ရုပ်ရှင်သမိုင်းမှာ ရုံတင်ငွေ ဒေါ်လာ ၁ ဘီလျံရရှိတဲ့ ဇာတ်ကား ၄ ကား (Titanic၊ Avatar၊ The Way of Water၊ Fire and Ash) ကို ဖန်တီးနိုင်တဲ့ ပထမဆုံး ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။
Ref: ‘Avatar: Fire and Ash’ Scorches Past $1 Billion USD at the Global Box Office
WL (ရိုးရာလေး)

