နော်ဝေမှာ သက်သတ်လွတ်အစားအစာကို စတင်ဖြန့်ချိလာတဲ့ ကမ္ဘာကျော်မက်ဒေါ်နယ်လ် (McDonald’s) ကုမ္ပဏီ

do0.jpg

အသင့်စား အစားအသောက်တွေထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာကျော် မက်ဒေါ်နယ်လ်ကုမ္ပဏီဟာ သက်သတ်လွတ်သမားတွေအတွက်ရည်ရွယ်တဲ့ အသင့်စား အစားအစာတစ်မျိုးကို နော်ဝေနိုင်ငံမှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ အသီးအရွက်တွေသာပါဝင်ပြီး McVegan nuggets လို့ခေါ်ပါတယ်။

အဓိကအားဖြင့်ပါဝင်တာက အာလူးပြုတ်ထောင်း၊ ကုလားပဲ၊ ကြက်သွန်နီ၊ မုန်လာဥ၊ ပြောင်းဖူးစေ့တွေနဲ့ စီမံပြုလုပ်ထားတာပါ။ ဒါတွေကို အရသာရှိရှိစားနိုင်အောင် ပေါင်မုန့်အသားနဲ့အုပ်လို့ ကြွပ်ရွလတ်ဆတ်နေအောင် အသီးအရွက်ကြော်တုံးအဖြစ် ကြော်ထားတာဖြစ်ပာတယ်။ အသွင်အပြင်နဲ့အရသာကတော့ ပုံမှန်ကြက်ကြော်တုံးကိုကိုက်စားနေရသလို ခံစားရအောင် ဖန်တီးပေးထားတယ်လို့သိရပါတယ်။ နော်ဝေက မက်ဒေါ်နယ်လ်ဆိုင်ခွဲတွေမှာတော့ စတင်မြည်းစမ်းနေနိုင်ပါပြီ။

မက်ဒေါ်နယ်လ်အတွက် ဒါဟာပထမဆုံးအကြိမ်မဟုတ်ဘဲ ယခင်ကတည်းက သက်သတ်လွတ်အစားသောက်တွေကို ထုတ်လုပ်လာခဲ့တာပါ။ ၂၀၁၇ ခုနှစ်က ဖင်လန်နိုင်ငံမှာ ပဲပုပ်နဲ့ပြုလုပ်ထားတဲ့ McVegan သက်သတ်လွတ်ဘာဂါအမျိုးအစားကို စားသုံးနိုင်ခဲ့ကြပြီး ဆွီဒင်နိုင်ငံမှာ ယခုနှစ်အတွင်း ထုတ်လုပ်ပေးခဲ့တဲ့ McFalafel သက်သတ်လွတ်အစားအစာကတော့ နိုင်ငံအတွင်း အနှစ်သက်ခံရဆုံး ထိပ်တန်းအစားအစာအဖြစ် လူကြိုက်များနေတယ်လို့လည်း သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ယူကေမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ Spicy Veggie Wrap သက်သတ်လွတ်အစားအစာကတော့ ကြက်သားတွေပါဝင်နေခဲ့ပြီး ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါကို စားသုံးမိတဲ့ ယူကေက ရာသက်ပန်သက်သက်လွတ်စားသုံးသူတွေကို မက်ဒေါ်နယ်ဘက်က အမှားအတွက် ပြန်လည် ဝန်ချတောင်းပန်ခဲ့ရဖူးပါတယ်။

Ref: Independent “MCDONALD’S TRIALING VEGAN CHICKEN NUGGETS IN NORWAY”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top