ဖိလစ်ပိုင်နိုင်ငံက အမှိုက်တွေကို ပြန်လက်ခံမယ်လို့ ကနေဒါနိုင်ငံ ပြော

61059625_2391837650847141_3295578077517578240_n.jpg

ဖိလစ်ပိုင်နိုင်ငံနဲ့ သံတမန်ရေးရာ ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်လက်ခံသွားမယ်လို့ ကနေဒါနိုင်ငံက ပြောပါတယ်။ ကနေဒါနိုင်ငံက အမှိုက်တွေကို ပြန်ပြီးလက်မခံရင် ကနေဒါနိုင်ငံ ကမ်းခြေကနေ ရေမိုင် (၁၂) မိုင်အကွာ ဒါမှမဟုတ် ကနေဒါနိုင်ငံ ရေပိုင်နက်ထဲကို အမှိုက်တွေ ပြန်ပစ်ခဲ့မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ခြိမ်းခြောက်ခဲ့ပြီးနောက်မှာပဲ ကနေဒါနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက အမှိုက်တွေ ပြန်လက်ခံမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ ပြန်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေလို့ စာကပ်ထားတဲ့ ကွန်တိန်နာတွေကို ဖိလစ်ပိုင်နိုင်ငံက ပစ္စည်းလက်ခံရယူမယ့်လုပ်ငန်းစုထံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကွန်တိန်နာတွေထဲမှာ စွန့်ပစ်အမှိုက်သရိုက်တွေပဲ ပါလာခဲ့ပါတယ်။ ဒီဖြစ်ရပ်က ကနေဒါနဲ့ ဖိလစ်ပိုင်နိုင်ငံကြား သံတမန်ရေးရာ ပဋိပက္ခဖြစ်ပွားစေခဲ့ပါတယ်။ ကနေဒါနိုင်ငံက အမှိုက်တွေကို ပြန်ယူပေးဖို့ ဖိလစ်ပိုင်နိုင်ငံက မေလ (၁၅) ရက်နေ့ နောက်ဆုံးထား သတ်မှတ်ခဲ့ပေမဲ့ သတ်မှတ်ချိန်ကျော်လွန်တဲ့အထိ အမှိုက်တွေပြန်မယူခဲ့လို့ ဖိလစ်ပိုင်က ဒေါသထွက်ခဲ့ပြီး ကနေဒါနိုင်ငံဆိုင်ရာ သံအမတ်တွေကို ပြန်ခေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ ကနေဒါနိုင်ငံက ဇွန်လအကုန် နောက်ဆုံးထားပြီး အမှိုက်တွေကို ပြန်သယ်သွားမှာဖြစ်ပြီး အမှိုက်တွေ ပြန်သယ်ဖို့ စီစဉ်တာ၊ ပို့ဆောင်တာ၊ သင်္ဘောခ၊ အမှိုက်တွေ ဖျက်ဆီးတဲ့ ကုန်ကျစရိတ်အားလုံးကို အကုန်အကျခံသွားမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top