ငွေကြေးလိုအပ်တဲ့ ကလေးတွေအတွက် တစ်ပတ်ရစ်စက်ဘီးတွေ ပြင်ဆင်မွမ်းမံပြီး လက်ဆောင်ပေးနေသူ

6.12.23-yyl-5.jpg

ငွေကြေးလိုအပ်ချက်ကြောင့် စက်ဘီး မဝယ်နိုင်တဲ့ ကလေးငယ်တွေအတွက် တစ်ပတ်ရစ် စက်ဘီးတွေ အခမဲ့ပေးတဲ့ Bob’s Bikes for Needy Kids ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့သူက ရောဘတ်ကရိန်းပါ။ တကယ်တော့ ရောဘတ်ကရိန်းက လောင်းကစား စွဲလန်းနေသူဖြစ်ပြီး ကာစီနိုဝိုင်းတွေ၊ ပိုကာဝိုင်းတွေမှာ ၇ နှစ်ကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။

တစ်ရက်မှာတော့ သူ့မြေးလေးက စက်ဘီးတစ်စီး လိုချင်ခဲ့ပေမဲ့ သူ့အမေ (ရောဘတ်ကရိန်းရဲ့သမီး)မှာ ဝယ်ပေးစရာ ပိုက်ဆံမရှိပါဘူး။ အဲဒါနဲ့ ရောဘတ်ကရိန်းက စက်ဘီးဟောင်းလေး တစ်စီးကို ပြင်ဆင်မွမ်းမံပြီး မြေးလေးအတွက် လက်ဆောင်ပေးခဲ့တာပါ။

” ကာစီနိုဝိုင်းတွေမှာ ကျွန်တော်ကျင်လည်တာ ကြာပါပြီ။ ဒါပေမဲ့ စက်တွေက ကျွန်တော့်ကို ပွေ့ဖက်ပြီး ကျေးဇူးတင်ပါတယ်လို့ တစ်ခါမျှ မပြောခဲ့ဖူးဘူး”လို့ ရောဘတ်ကရိန်းက ဆိုပါတယ်။ အဲဒီနောက်မှာတော့ ရောဘတ်ကရိန်းက သူ့မြေးလေးလိုပဲ စက်ဘီးလိုအပ်တဲ့ ကလေးငယ်တွေကို ကူညီပေးဖို့ စက်ဘီးအဟောင်းတွေကို ပြင်ဆင်ခဲ့တာပါ။

လက်စ်ဗီးဂတ်စ်မြို့တောင်ကြားထဲက သူ့နေအိမ် ဂိုဒေါင်ထဲမှာတော့ ပြင်ဆင်ထားတဲ့ စက်ဘီးအများအပြား ရှိနေပြီး ပိုင်ရှင်သစ်ကို စောင့်မျှော်နေကြပါပြီ။

Ref: ‘I Never Had A Machine Hug Me’: Man Ditches Casino For Gifting Needy Kids Free Bikes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top