Samsung လေအေးပေးစက်များ ဝယ်ယူအားပေးရင်း ငွေသားလက်ဆောင် ၇၀,၀၀၀ ကျပ်အထိ ပြန်လည်ရရှိနိုင်မည့် ‘Beat the Heat’ ပရိုမိုးရှင်း

29.3.2023-yyl-iamge-11.jpg

ပူပြင်းလှသော နွေရာသီကာလတစ်လျှောက် အေးမြလန်းဆန်းစွာ ဖြတ်ကျော်နိုင်စေရန်အတွက် မြန်မာနိုင်ငံနှင့် ကိုက်ညီသင့်တော်မှု အရှိဆုံးသော လေအေးပေးစက် အမျိုးအစားများအား ဝယ်ယူအားပေးရင်း ငွေသားလက်ဆောင် ၇၀,၀၀၀ ကျပ် အထိ ပြန်လည်ရရှိသွားနိုင်မည့် ‘Beat the Heat’ ပရိုမိုးရှင်း အစီအစဉ်အား Samsung Myanmar မှ ကျင်းပ ပြုလုပ်ပေးလျက် ရှိသည်။

မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပပေးလျက်ရှိသည့် အဆိုပါ ‘Beat the Heat’ ပရိုမိုးရှင်း ကာလ တစ်လျှောက်တွင် Samsung ချစ်သူများအနေနှင့်

  • WindFree အမျိုးအစား (1 HP, 1.5 HP နှင့် 2 HP) လေအေးပေးစက်များအား ဝယ်ယူအားပေးပါက ၇၀,၀၀၀ ကျပ် ငွေသားလက်ဆောင်
  • Inverter အမျိုးအစား (1 HP, 1.5 HP, 2 HP နှင့် 2.5 HP) လေအေးပေးစက်များအား ဝယ်ယူအားပေးပါက ၅၀,၀၀၀ ကျပ် ငွေသားလက်ဆောင်
  • Non-Inverter အမျိုးအစား (1 HP, 1.5 HP နှင့် 2 HP) လေအေးပေးစက်များအား ဝယ်ယူအားပေးပါက ၃၀,၀၀၀ ကျပ် ငွေသား လက်ဆောင်

များအား အသီးသီး ပြန်လည်ရရှိသွားမည် ဖြစ်သည်။ ထို့အပြင် အထက်ပါ လေအေးပေးစက် အမျိုးအစား အားလုံး အတွက် အထူး Compressor အာမခံ (WindFree နှင့် Inverter အမျိုးအစားများအတွက် ၁၀ နှစ်အထိ၊ Non – Inverter အမျိုးအစားအတွက် ၅ နှစ်အထိ) နှင့် Indoor / Outdoor Coil များအတွက် အာမခံကို ၃ နှစ်အထိ ကိုလည်း Samsung Myanmar မှပေးအပ်လျက် ရှိသည်။ အသေးစိတ်အား ဤနေရာတွင် ဝင်‌ရောက်ကြည့်ရှု နိုင်ပါသည်။

“Beat the Heat” ပရိုမိုးရှင်း အစီအစဉ် အသေးစိတ်အား Samsung မြန်မာ၏ တရားဝင် Facebook စာမျက်နှာနှင့် နိုင်ငံတစ်ဝှမ်းရှိ နီးစပ်ရာ Samsung Showroom များတွင်လည်း သွားရောက် ကြည့်ရှုမေးမြန်းနိုင်မည် ဖြစ်သည်။

လေအေးတိုက်ရိုက် ထိတွေ့မှုမရှိ‌စေပဲ သက်တောင့်သက်သာအေးမြစေပြီး အထိရောက်ဆုံး စွမ်းအင်ချွေတာပေးနိုင်မည့် Windfree အမျိုးအစား လေအေးပေးစက်Samsung ၏ Windfree အမျိုးအစား လေအေးပေးစက်များတွင် လေအေးထွက်ပေါက် (Micro Air Hole) ပေါင်း ၂၃,၀၀၀ ပါရှိသည့်အတွက် Direct Cooling လေအေးပေးစက်များကဲ့သို့ လေအေးတိုက်ရိုက်ထိတွေ့မှုမရှိစေပဲ အခန်းတစ်ခုလုံးအား မျှတသော အအေးဓာတ် ရရှိစေမည် ဖြစ်သည်။

ခန့်ညားလှပသော ဒီဇိုင်းနှင့် Windfree လေအေးပေးစက်များတွင် Digital Inverter Boost နည်းပညာ ပါရှိသည့်အတွက် ၄၃% အထိ ပိုမိုအေးမြစေမည် ဖြစ်သည့် အပြင် Eco Mode သို့ပြောင်းလဲ အသုံးပြုပါကလည်း စွမ်းအင် အသုံးပြုမှုကို ၇၇% အထိ ချွေတာ ပေးသွားနိုင်မည် ဖြစ်သည့်အတွက် ဓာတ်အားခကျသင့်မှုပမာဏကိုလည်း သိသိ သာသာ လျော့နည်း သွားစေမည် ဖြစ်သည် (1 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၁၂,၀၀၀ ကျပ်ခန့်၊ 1.5 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၂၇,၀၀၀ ကျပ်ခန့်သက်သာနိုင်သည်)။ အလားတူပင် Windfree အမျိုးအစား လေအေးပေးစက်များတွင် Easy Filter Plus လုပ်ဆောင်ချက် ပါရှိသည့်အတွက် ‌ဖုန်မှုန့်၊ အညစ်အကြေး၊ တိရစ္ဆာန် အမွှေးအမျှင်များ စသည်တို့ကို အလွယ်တကူ စစ်ထုတ်ပေးနိုင်မည် ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွှတ်၍ အေးမြသော လေအားကို ရရှိစေမည် ဖြစ်သည်။

Eco System နှင့်အတူ ၇၃% အထိ စွမ်းအင်ချွေတာပေးနိုင်မည့် Inverter အမျိုးအစား လေအေးပေးစက်Samsung ၏ Inverter အမျိုးအစား လေအေးပေးစက်များတွင် Digital Inverter Boost နည်းပညာ ပါရှိသည့် အတွက် အအေးဓာတ်ကို ၄၃% အထိ ပိုမိုမြန်ဆန်စွာ အေးမြစေမည် ဖြစ်ပြီး စွမ်းအင်အသုံးပြုမှုကိုလည်း ၇၃% အထိလျှော့ချပေးနိုင်မည် ဖြစ်သည် (1 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၁၂,၀၀၀ ကျပ်ခန့်၊ 1.5 HP အမျိုးအစားသည် တစ်လလျှင် လျှပ်စစ်မီတာခ ၂၇,၀၀၀ ကျပ်ခန့်သက်သာနိုင်သည်)။ ထို့အပြင် AI Auto Cooling နည်းပညာ ပါရှိသည့် အတွက် အခန်းအခြေအနေ၊ အသုံးပြုမှုနှင့် ရရှိလို‌သော အအေးဓာတ်အပေါ်မူတည်၍ အသင့်တော်ဆုံး Mode အား အလိုအလျောက် ပြောင်းလဲ ချိန်ညှိပေးသွားမည် ဖြစ်သည်။ Inverter အမျိုးအစား လေအေးပေးစက်များတွင် Auto Clean နည်းပညာ ပါရှိသည့် အတွက် ရပ်နားထားသည့်အချိန်တွင် ဖုန်မှုန့်နှင့် အစိုဓာတ်များအား အလိုအလျောက် သန့်ရှင်းပေးသွားမည် ဖြစ်သည်။

Fast Cooling စနစ်ဖြင့် ပုံမှန်ထက် လျှင်မြန်စွာ အေးမြစေမည့် Non-Inverter အမျိုးအစား လေအေးပေးစက်Non-Inverter အမျိုးအစားလေအေးပေးစက်များတွင် Fast Cooling စနစ်ပါရှိသည့်အတွက် အအေးဓာတ်အား ပုံမှန်ထက် ပိုမိုလျှင်မြန်စွာ ရရှိစေမည်ဖြစ်သည်။ ထို့အပြင် HD Filter စနစ်အား အသုံးပြုထားသည့်အတွက် ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် တိရစ္ဆာန် အမွှေးအမျှင်များကိုလည်း အလွယ်တကူ စစ်ထုတ်ပေးသွားနိုင်မည် ဖြစ်သည့်အပြင် Filter အားအလွယ်တကူ ဖြုတ်၍ ဆေးကြောနိုင်မည် ဖြစ်သည့်အတွက် သန့်စင်မှုအရှိဆုံး အအေးဓာတ်ကို ရရှိစေမည် ဖြစ်သည်။ အလားတူပင် 2 – Way Auto Swing စနစ်ပါရှိသည့်အတွက် အအေးဓာတ်အား အခန်းတစ်ခုလုံးသို့ မျှမျှ တတ ရောက်ရှိစေ‌ရန် ကူညီပေးသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် အထက်ပါ လေအေးပေးစက်အမျိုးအစား အားလုံးတွင် Good Sleep Mode ပါရှိသည့်အတွက် အိပ်စက် အနားယူနေသည့်အချိန်များတွင် ရာသီဥတု အခြေအနေနှင့် အခန်းတွင်း အပူချိန်အတက်အကျအပေါ် မူတည်၍ အအေး ဓာတ်အား အလိုအလျောက် ချိန်ညှိပေးမည် ဖြစ်သည့်အတွက် အအေးဓာတ်လွန်ကဲခြင်းမဖြစ်စေပဲ နှစ်ခြိုက်စွာအိပ်စက် အနားယူနိုင်မည် ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top