လက်ဖက်ရည်အရသာနဲ့ အချိုရည်သစ်ကို မိတ်ဆက်လိုက်တဲ့ ကိုကာကိုလာ

5-8-2020-yyl-030.jpg

လန်းဆန်းပြီးအမောပြေစေတဲ့ အသင့်သောက် Ice Tea အရသာ Heaven and Earth အချိုရည်သစ်ကို Coca-Cola Myanmar က စတင်မိတ်ဆက် လိုက်ပါတယ်။အခုမိတ်ဆက်လိုက်တဲ့ အချိုရည်သစ်ဟာ လက်ဖက်၊ ချိုချဉ်အရသာ၊ ဆေးဖက်ဝင်ပန်းမန်များ အစရှိတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ထူးကဲတဲ့ အရသာသုံးမျိုးနဲ့ မြန်မာနိုင်ငံမှ စားသုံးသူများရဲ့ အကြိုက်ပုံစံ အထူးစီမံထုတ်လုပ်လိုက်တယ်လို့ Coca-Cola Myanmar က ဆိုပါတယ်။

Coca-Cola Myanmar ရဲ့ General Manager ဖြစ်တဲ့ Mr.Rehan Khan က “Heaven and Earth ကို ယခု မိတ်ဆက်ပြီဖြစ်တာကြောင့် စားသုံးသူတွေအတွက် Coca-Cola Myanmar က လက်ရှိ ထုတ်လုပ်လျက်ရှိတဲ့ အချိုရည်များအကြားမှာ ရွေးချယ်စရာတစ်ခုတိုးလာမှာဖြစ်ပါတယ်။ ဒါဟာ Coca-Cola အနေနဲ့ ကမ္ဘာ့အဆင့်မီ အရသာရှိတဲ့ထုတ်ကုန်တွေကို မြန်မာနိုင်ငံက စားသုံးသူတွေထံ ယူဆောင်ပေးရုံသက်သက်တင်မဟုတ်ဘဲ စားသုံးသူတွေရဲ့အကြိုက် လိုအပ်ချက်နဲ့ ရာသီတော်တွေအကြောင်း နားလည်အောင်ကြိုးစားပြီး ဒါတွေနဲ့ လိုက်ဖက်ညီမယ့် သီးသန့် ထုတ်ကုန်တွေကို ဖန်တီးပေးနိုင်ရေးဆိုတဲ့ ကတိကဝတ်နဲ့ အညီ ဒီနေ့မှာ အကောင်အထည်ဖော်ဆောင်ရွက်လိုက်ခြင်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အရသာ အသစ်အဆန်းတွေကို သောက်သုံးလိုသူများအတွက် ရည်ရွယ်ပြီး မိတ်ဆက်လိုက်တဲ့ ဒီ Heaven and Earth Tea နဲ့ Herbal Drink စတဲ့ အရသာ သုံးမျိုးပါဝင်ပြီး ကျောက်ကျော၊ chrysanthemum(ဂန္ဓမာပန်း) ၊ momordica သစ်သီး၊ သံပုယိုသီး နဲ့ ပျားရည် စတာတွေကို Black Tea၊ Green Tea တို့နဲ့ အချိုညီညီပေါင်းစပ်ထားတယ်လို့ က Coca-Cola Myanmar က ဆိုပါတယ်။

Team (Yoyarlay)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top