အနောက်တိုင်းဝတ်စုံဝတ်ပြီး ကမ္ဘာ့အမြင့်ဆုံးတောင်တွေထဲက တစ်ခုကို တက်ပြခဲ့သူ

29.3.2023-yyl-iamge-9.jpg

ကမ္ဘာ့အမြင့်ဆုံးတောင်တွေကို တက်နိုင်တာကလည်း အောင်မြင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ တောင်တက်ဝတ်စုံမဟုတ်ဘဲ အနောက်တိုင်းဝတ်စုံနဲ့ အဲ့ဒီတောင်တွေကို တက်ဖို့ လွယ်ကူပါ့မလား။ နိုဘူတာခါ ဆာဒါဆိုသူအမျိုးသားဆိုရင် မလေးရှားနိုင်ငံက ကီနာဘလူတောင်ကို တက်ဖို့အတွက် ပုံမှန်တောင်တက်ဝတ်စုံဝတ်မယ့်အစား အနောက်တိုင်းဝတ်စုံကို စမတ်ကျကျဝတ်ဆင်ခဲ့တာပါ။

ဂျပန်လူမျိုးအပ်ချုပ်သမားဖြစ်တဲ့ နိုဘူတာခါက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့အပြင် ရှုးဖိနပ်ကိုလည်း ဝတ်ဆင်ခဲ့တယ်။ ဒါ့အပြင် လက်ကိုင်အိတ်တစ်လုံးကိုလည်း ကိုင်ဆောင်ခဲ့ပါတယ်။ သူက သူချုပ်လုပ်ထားတဲ့ဝတ်စုံကို တောင်တက်ရင်း ကြော်ငြာဖို့ လုပ်ခဲ့တာပါ။ သူ့ရဲ့ဝတ်စုံဒီဇိုင်းကို အမြင့်ပေ ၄၀၉၅ မီတာရှိတဲ့တောင်ထိပ်ကနေ ပြသခဲ့ပါတယ်။ ဒီအနောက်တိုင်းဝတ်စုံဝတ်ပြီး တောင်တက်တာကို မြင်တော့ လူတွေက အံ့အားသင့်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့တောင်တက်ဗီဒီယိုတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ သူက တောင်ထိပ်မှာလည်း ဝတ်စုံအပြည့်နဲ့ pose အမျိုးမျိုးပေးပြီး ဓာတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။

နိုဘူတာခါဟာ အနောက်တိုင်းဝတ်စုံနဲ့ တောင်ထိပ်ကို အောင်မြင်စွာတက်နိုင်ခဲ့တာကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပါတယ်။ “အပူပိုင်းစိုထိုင်းဆနဲ့ မိုးရေတွေကြား တောင်တက်ခဲ့ပေမဲ့ SADA ရဲ့စိတ်ကြိုက်ပြုလုပ်ထားတဲ့ဝတ်စုံတွေက စီးပွားရေးအစည်းအဝေးကို တက်ရောက်နိုင်တဲ့အဆင့်အထိ ထိန်းထားပေးနိုင်တယ်”လို့လည်း ရေးသားခဲ့တာပါ။

နိုဘူတာခါက သူ့ရဲ့ထုတ်ကုန်တွေကို ကြော်ငြာဖို့ အဲ့ဒီလောက်ထိ လုပ်ခဲ့တာက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အနောက်တိုင်းဝတ်စုံဝတ်ပြီး ငါးဖမ်းတာ၊ ရေငုပ်တာနဲ့ ရေလွှာလျှောစီးတာတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုတွေကို သူ့ရဲ့ YouTube ချန်နယ်မှာ တင်ထားတာ တွေ့ရပါတယ်။

Ref: Man climbs one of the world’s highest mountains in full-suit to pose in style

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top