အကိုကြီး အမကြီးတို့ အနစ်နာခံခဲ့ကြတယ်

little-kids-in-a-autumn-park-P7BLGWY.jpg

မိသားစု တစ်စုမှာ အကိုကြီး အမကြီးတွေဆိုတာ ရှိကြမှာပါ။ အကိုကြီးတော့ အဖရာ အမ ကြီးတော့ အမိရာလို့ဆိုတဲ့ စကားလည်း ရှိပါတယ်။

ကောင်းမွန်တဲ့ အကိုကြီးသာ အဖရာဖြစ်လို့ ကောင်းမွန်တဲ့ အမကြီးသာလျှင်လည်း အမိရာ ဝင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကောင်းမွန်တဲ့ အကိုကြီးနှင့် အမကြီးတွေကတော့ အနစ်နာ ခံခဲ့ကြပါတယ်။

မိသားစု စားဝတ်နေရေးအတွက်

တစ်ချို့ဆိုရင် အကြီးဆုံး ဖြစ်လို့ မိသားစု စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်ရတယ်။ မိသားစု အတွက် ငွေရှာပြီး ညီလေး ညီမလေးတွေ အတွက်ပညာဆက်လက် သင်ကြားနိုင်အောင် ကူညီပေးကြရပါတယ်။

ဖြစ်ချင်တာတွေကို မေ့ပြီး ဖြစ်သင့်တာတွေအတွက် ပေးဆပ်ကြရတယ်

အကိုကြီး အမကြီးတွေဟာ ပညာတတ်ကြီး ဖြစ်နေခဲ့ရင်တောင် သူတို့ ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဖို့အတွက် ခဏမေ့ထားပြီး မိသားစုတွေ အားလုံးအတွက် အကျိုးရှိစေမယ့် အလုပ်များကို ရွေးချယ်ပြီး လုပ်ကိုင်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် အကိုကြီး အမကြီးတို့ အနစ်နာ ခံခဲ့ကြတယ်။

မိဘသဖွယ် ပြုစုရပြန်တယ်

ညီလေး ညီမလေးတွေ အတောင်မစုံခင်မှာ မိဘသဖွယ် ပြုစုကြတာလည်း အကိုကြီး အမကြီးတို့ပါ။ တစ်ချို့က မိဘရှိတော့ မသိသာပေမယ့် မိဘမရှိတော့တဲ့ မိသားစုမှာတော့ အကိုကြီးနဲ့ အမကြီးတို့ဆိုတာ မိဘတွေပါပဲ။

အမြဲ စိတ်ပူပန်ကြောင်းကျတယ်

အကိုကြီး အမကြီးတို့ဟာ သူတို့ရဲ့ ညီလေး ညီမလေးတွေ တစ်စုံတစ်ခု ဖြစ်မှာကို အမြဲစိတ်ပူပန် ကြောင်းကျ ကြတယ်။ လူဘုံအလယ် ညီလေးတွေ ညီမလေးတွေကို မျက်နှာမငယ်ရစေအောင် ကူညီဖေမပေးတာလည်း အကိုကြီးနဲ့ အမကြီးတို့ပေါ့။

မိမိတစ်နေ့ ချမ်းသာကြွယ်ဝလာတဲ့ အခါမှာ မိမိကို အနစ်နာခံခဲ့တဲ့ အကိုကြီး အမကြီးကိုတော့ မမေ့ပါနဲ့နော်။ သူတို့ဟာ ညီလေး ညီမလေးအတွက် သူတို့ဘဝများကိုတောင် မထောက် ကူညီစောင့်ရှောက်ခဲ့ကြသူတွေပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top