ရေဘေးဒဏ်ကြုံတွေ့နေရသည့် ဒေသများရှိ သုံးစွဲသူများအတွက် အခမဲ့ဖုန်းပြောဆိုခွင့် ၇၀၀ မိနစ် နှင့် စာတို (SMS) ၇၀၀ ကို MPT က ပေးအပ်

16.9.2024-yyl-6.png

စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားကာ စက်တင်ဘာလ (၁၀) ရက်မှ စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှု အခက်အခဲအချို့ ဖြစ်ပေါ်လျက်ရှိပါသည်။

MPT မှ ဝန်ဆောင်မှုများအား နဂိုအတိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းတွင်ပင် MPT ၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်မှုတစ်ရပ်အနေဖြင့် MPT သည် သဘာဝဘေးဒဏ်ကြုံတွေ့နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် ၎င်းတို့၏ မိသားစုများ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိစေရန် MPT ဖုန်းအချင်းချင်း အခမဲ့ဖုန်းခေါ်ဆိုခွင့် မိနစ် ၇၀၀ နှင့် စာတိုပေးပို့ခွင့် (SMS) အစောင် ၇၀၀ ကို ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှုများကို (၇)ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်အတိုင်း ပြန်လည်ရရှိစေရန် အမြန်ဆုံး လုပ်ဆောင်လျက်ရှိပြီး၊ အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။ စိတ်ရှည်သည်းခံမှု နှင့် နားလည်ပေးသည့် အတွက် သုံးစွဲသူများအား ကျေးဇူးအထူးတင်ရှိပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top