မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ (၄) သန်းကျော်ရှိ

241229422_866510907313414_8373323724943192218_n.jpg

ရန်ကုန်၊ စက်တင်ဘာ (၉)

မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးထိုးနှံပြီးသူ (၄) သန်းကျော်ရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

Covid-19 ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ (၂,၉၈၁,၈၇၇) သန်း၊ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးစီးသူ (၁,၉၀၅,၁၅၂) သန်း၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသူ (၄,၈၈၇,၀၂၉) သန်းရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စက်တင်ဘာ (၈) ရက်နေ့အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၄၂၃,၁၀၄) ကျော်နဲ့ သေဆုံးသူလူနာ (၁၆,၁၇၃) ကျော်ရှိနေပြီဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ Covid-19 (Variants of Concern) Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အခုအချိန်မှာ နိုင်ငံပေါင်း (၁၆၃) နိုင်ငံကို ပျံနှံ့နေပြီဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကရဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ ပြီးခဲ့တဲ့ သြဂုတ်လ (၂၈) ရက်နေ့ကလည်း Covid-19 မျိုးရိုးဗီဇပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ နေပြည်တော်က (၅) ဦး၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေက (၂) ဦးစီ၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တွေက (၁) ဦးစီနဲ့ စုစုပေါင်း (၁၅) ဦး တွေ့ရှိခဲ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အက်စထရာ ဇီနီကာ/ အောက်စ်ဖို့(AstraZeneca/ Oxford vaccine)၊ ဂျွန်ဆင်နဲ့ ဂျွင်ဆင်(Johnson and Johnson)၊ မိုဒါးနား(Moderna)၊ ဖိုင်ဇာ/ဘိုင်အိုတက်ခ်(Pfixer/BionTech)၊ ဆိုင်နိုဖန်း(Sinopharm(Beijing Bio-Institute of Biological Products Co Ltd)၊ ဆိုင်နိုဗက်(Sinovac) စတဲ့ ကာကွယ်ဆေးတွေကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုထားပြီး အဲ့ဒီကာကွယ်ဆေးတွေက ရောဂါဖြစ်ပွားခြင်း၊ ဆေးရုံတက်ရောက်ကုသခြင်းနဲ့ သေဆုံးခြင်းတွေကို လျော့နည်းစေပါတယ်။

Photo- နေပြည်တော်ကောင်စီ
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top