စိုးမင်း​အောင်​​ပေးတဲ့ အ​ပျော်​​တွေကို တူးတူး ပြန်​ယူသွားတယ်​

yyl-022-4.jpg

မစ်​ဒယ်​ဝိတ်​(၇၁-၇၅ ကီလို) ကမ္ဘာ့ချန်​ပီယံလုပွဲ ၅ ချီ တူးတူး(မြန်​မာ)-တူတာဗို့(ဥဇဘက်​ကစ္စတန်​)

မစ်​ဒယ်​ဝိတ်​တန်း ကမ္ဘာ့ချန်​ပီယံခါးပတ်​လုပွဲက လက်​ရည်​မျှပြီး အကြိတ်​အနယ်​ရှိခဲ့ပါတယ်​။ ပထမအချီမှာ တူးတူးက ညာလက်​သီးပစ်​သွင်းနိုင်​ခဲ့သလို တူတာဗို့ရဲ့ ဘယ်​​ထောက်​လက်​သီးကလည်း တူးတူးကို ထိမှန်​ခဲ့ပါတယ်​။ ​လွန်​ခဲ့တဲ့ ၆ နှစ်​တုန်းက ​မွေထိုင်းမှာ တစ်​ကြိမ်​ဆုံခဲ့ဖူးပြီး တစ်​​ယောက်​အ​ကြောင်း တစ်​​ယောက်​ သိ​နေလို့ သူတစ်ပြန်​၊ ကိုယ်​တစ်​ပြန်​ အ​နေအထားဖြစ်​ခဲ့ပါတယ်​။ တူတာဗို့က သူ အားသန်​တဲ့ ဘယ်​​ထောက်​လက်​သီးနဲ့ တူးတူးကို အခက်​​တွေ့​စေခဲ့သလို တူးတူးကလည်း ညာဝိုက်​လက်​သီး​နဲ့ တူတာဗို့ကို တုံ့ပြန်​ခဲ့ပါတယ်​။

ဒုတိယအချီမှာ ​အချီပြည်​့​ခေါင်း​လောင်းတီး​တော့မှ တူတာဗို့က လက်​နဲ့ဆတ်​ခနဲ ထိုးခဲ့လို့ အငြင်းပွားစရာ ဖြစ်​ခဲ့သလို ​နောက်​ဆုံးအချီမှာ တူးတူးက သူ့မျက်​စိကို လက်​နဲ့နှိုက်​တယ်​လို့ တူတာဗို့က ​စောဒကတက်​ခဲ့ပါတယ်​။ ၅ ချီပြည်​့ချိန်​အထိ ပွဲမပြတ်​လို့ အမှတ်​နဲ့ ဆုံးဖြတ်​ရာမှာ တူတာဗို့က (၂-၁)နဲ့ အနိုင်​ရပြီး တူးတူးရဲ့မစ်​ဒယ်​ဝိတ်​တန်း ကမ္ဘာ့ချန်​ပီယံခါးပတ်​ကို လွှဲ​ပြောင်းရယူနိုင်​ခဲ့ပါတယ်​။

Team(ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top